မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ-၂၀၂၃နှင့် ၂၀၂၄ တို့ ကျင်းပပြီးနောက် တရုတ်နိုင်ငံမှ Brand ၅ ခုလာရောက်ရင်းနှီးမြှုပ်နှံ

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂ဝ၂၃ နှင့် ၂၀၂၄ တို့ ကျင်းပပြီးနောက် အကျိုးရလဒ်အနေဖြင့် တရုတ်နိုင်ငံမှ Brand ၅ ခု လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ကြောင်း Chinese Textile & Garment Association In Myanmar (CTGA) မှ CEO Mr.San Khun က Popular News သို့ပြောသည်။
ပြီးခဲ့သည့်နှစ်များတွင် ကျင်းပပြီးစီးခဲ့သည့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲအပြီး မည်သည့်အကျိုးရလဒ်များရခဲ့သလဲဟု မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အသစ်ဝင်ရောက်လာသည့် Brand ၅ ခုမှာ SEMIR, BALABALA,Jeans West,BOSIDENG,Baleno တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အထည်ချုပ်ကဏ္ဍ၌ စက်ရုံအသစ်များ ယခင်ထက်ပိုတိုးလာကြောင်းလည်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ထို့ပြင် လာမည့် ဒီဇင်ဘာလ၌ သုံးကြိမ်မြောက် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂ဝ၂၅ ပြပွဲကို Inya Lake Hotel, Yangon Convention Center (YCC) ၌ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

image