အာဆီယံအသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME)၏ အကြိမ်(၂၀)မြောက်အစည်းဝေး မြန်မာတွင် ပြုလုပ်
အကြိမ်(၂၀)မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME) အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို ယမန်နေ့ (နိုဝင်ဘာ၁၀ရက်)က စတင်ပြီး မြန်မာနိုင်ငံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ACCMSME အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံ အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှုးချုပ် Mr.Wittawat နှင့် အာဆီယံနိုင်ငံများက တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
MSME သည် အာဆီယံနိုင်ငံများ၏ စီးပွားရေးအခြေခံအုတ်မြစ်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးမှု၌ အရေးပါဆုံးအခန်းကဏ္ဍတွင် ပါဝင်ကြောင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရေးဆိုင်ရာ အာဆီယံ ဘုံရည်မှန်းချက်ကို အပြည့်အဝထောက်ခံကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ကော်မတီဝင်အားလုံး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး၊ အားလုံးပါဝင်သည့် စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရေး၊အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍတို့ကို မြှင့်တင်ပေးနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်အတွင်း ဆန်းစစ်မှုပြုလုပ်ရန်လည်း ကတိကဝတ်ပြုထားခြင်းဖြစ်ကြောင်း ACCMSME အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှုးချုပ် Mr.Wittawat က ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေး၌ ၂၀၂၅ ဆန်းစစ်မှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၃၀ ကို ပြန်လည်သုံးသပ်ခြင်းအကောင်ထည်ဖော်ဆိုင်ရေးဆောင်ရွက်ချက်များကို အာဆီယံအဖွဲ့ဝင်များ၊ မိတ်ဖက်နိုင်ငံများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို အလေးထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အကြိမ်(၂၀)မြောက် အာဆီယံအသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME) အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေးများကို နိုဝင်ဘာ(၁၀)ရက်မှ စတင်ပြီး လေးရက်ကြာပြုလုပ်မည်ဖြစ်သည်။