ချာကာကို အခုရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုလို့ ရွန်နီ သုံးသပ်

မန်ယူနိုက်တက်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း
ရွန်နီက ဆန်းဒါးလန်းအသင်းခေါင်းဆောင်
ချာကာဟာ အခုရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခေါ်ယူမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
ချာကာ (၃၃ နှစ်)ဟာ ဆန်းဒါးလန်းအသင်းထံ အခုနွေရာသီမှာ ရောက်ရှိလာပြီး ၁၁ ပွဲကစား ၁၉ မှတ်နဲ့ စတုတ္ထနေရာ ရပ်တည်နိုင်အောင် အဓိကစွမ်းဆောင်ပေးထားသူတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်လူဟောင်းရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်မှုအရည်အသွေးက ဆန်းဒါးလန်းကို
များစွာအကျိုးရှိစေခဲ့ပါတယ်။
၎င်းဟာ ပရီးမီးယားလိဂ်ပွဲအားလုံး ပွဲချိန်ပြည့်ကစားထားပြီး တစ်ဂိုးသွင်း၊ သုံးဂိုး ဖန်တီးထားခဲ့ပါတယ်။
''ပရီးမီးယားလိဂ်ကို ပြန်လာပြီး သူ လုပ်ဆောင်နေတာတွေက အံ့အားသင့်စရာတွေပါ။ တန်းတက်အသင်းတစ်သင်းနဲ့ သူ့ရဲ့ပါဝင်သက်ရောက်မှုတွေက ထင်ရှားပါတယ်။ သူဟာ ဘောလုံးရာသီရဲ့အကောင်းဆုံးခေါ်ယူမှု ဖြစ်နိုင်ပါတယ်။ သူက လက်ဖျားခါလောက်အောင် ထူးချွန်သူပါ''လို့
ရွန်နီက ပြောခဲ့ပါတယ်။
ချာကာဟာ အခုနွေရာသီမှာ လေဗာကူဆင်ကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းနဲ့ ဆန်းဒါးလန်းအသင်းထံ ရောက်ရှိလာတာဖြစ်ပါတယ်။

image