အရေးပါတဲ့အချက်တစ်ခုတွင် ဘက်ပေးနှင့် ယာမဲလ်တို့ထက် သာလွန်လုပ်ပြထားနိုင်တဲ့ ရက်ဖို့ဒ်
========================

မားကပ်စ်ရက်ဖို့ဒ်ဟာ ယခုရာသီတွင် အရေးပါတဲ့နေရာတစ်ခုတွင် ကိုင်လီယန်ဘက်ပေးနှင့် လာမိန်းယာမဲလ်တို့ထက် ပိုမို ကောင်းအောင် လုပ်ပြထားနိုင်ပါတယ်။
ယူနိုက်တက်စတားဟာ ဘာစီလိုနာတွင် အငှားဖြင့် သွားရောက် ကစားစဉ်အတွင်း ခြေစွမ်းပြနိုင်မှုနှင့်အတူ ချီးကျူးခြင်းများ ခံနေရပါတယ်။
သူဟာ စပိန်တွင် အလျှင်အမြန်ပင် အထိုင်ကျကာ ကစားသမားဘဝ အကောင်းဆုံးပုံစံအား ပြန်လည်တွေ့လာတာလည်း ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ယူနိုက်တက်တွင် အမိုရမ်လက်အောက်မှာ ရုန်းကန်ခဲ့ရပြီးနောက် ဇန်နဝါရီလတုန်းက ဗီလာသို့ ခြောက်လအငှားဖြင့် သွားရောက် ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ ဗီလာမှာတုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်မှာပါ။ အခု ဘာစီလိုနာသို့ ရောက်လာချိန်မှာတော့ ပိုမို လုပ်ပြလာနိုင်ပါတယ်။
ယခု သူဟာ လာလီဂါတွင် ၅ ကြိမ်ဖြင့် ဖန်တီးမှု အများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။
သူဟာ စူပါစတားများဖြစ်ကြတဲ့ ကိုင်လီယန်ဘက်ပေး၊ လာမိန်းယာမဲလ်၊ ဗီနီရှပ်စ်ဂျူနီယာတို့ထက် ဖန်တီးမှုပိုင်းမှာ ပိုမို လုပ်ပြထားနိုင်တာလည်း ဖြစ်ပါတယ်။
အင်္ဂလန်စတားဟာ ယခုရာသီတွင် ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၆ ဂိုးသွင်းထားပါတယ်။ သူဟာ ချန်ပီယံလိဂ် ၄ ပွဲတွင်လည်း နယူးကာဆယ်နှင့်ပွဲမှာ သွင်းယူတဲ့ အနိုင်ဂိုးအပါအဝင် ၄ ဂိုးသွင်းထားပါတယ်။

image