အသက် ၃၇ နှစ်ငယ်တဲ့ တက္ကသိုလ်ကျောင်းသူနှင့် လမ်းခွဲလိုက်ပြီးနောက် ရွှေအိုရောင်ဆံပင်အမျိုးသမီးတစ်ဦးနှင့် ထပ်တွဲနေတဲ့ လိင်စွဲလမ်းသူ ဘရာဇီးဂန္ထဝင်
====================
ကိုယ့်ကိုယ်ကို လိင်စွဲလန်းသူအဖြစ် ဖွင့်ဟပြောဆိုထားတဲ့ ရိုမာရီယိုဟာ သူ့ထက် အသက် ၃၇ နှစ်ငယ်တဲ့ တက္ကသိုလ်ကျောင်းသူနှင့် လမ်းခွဲလိုက်ပြီလည်း ဖြစ်ပါတယ်။
အသက် ၅၉ နှစ်ရှိ ဘရာဇီးဂန္ထဝင်ဟာ သူ့ထက် ၂၅ နှစ်ငယ်တဲ့ မာစယ်လီစီအိုလင်နှင့် ခုနှစ်လကြာ ချစ်ကြိုက်မှု အဆုံးသတ်ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှ စကာ အသက် ၂၂ နှစ် အရွယ် တက္ကသိုလ်ကျောင်းသူ အလစ်ယာဂိုမက်စ်နှင့် တွဲခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာတော့ ၎င်းတို့ဟာ ဆိုရှယ်မီဒီယာမှာ အပြန်အလှန် Unfollow လုပ်ပြီးတဲ့နောက် လမ်းခွဲခဲ့ကြပါတယ်။
ချက်ချင်းဆိုသလို အချစ်မုဆိုးရိုမာရီယိုဟာ နောက်ထပ် ချစ်ဇာတ်လမ်းတစ်ပုဒ် ဆန်းသစ်လာပြန်ပါတယ်။
ဘရာဇီးမီဒီယာများက ဘောလုံးသမားဘဝမှ အနားယူပြီးတဲ့နောက် နိုင်ငံရေးလောကသို့ ဝင်ရောက်နေတဲ့ ရိုမာရီယိုဟာ အခြားအမည်မသိ ရွှေအိုရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးတစ်ဦးနှင့်တွဲနေကြောင်း ဖော်ပြလာပါတယ်။ ၎င်းတို့နှစ်ဦးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ရီယိုဒီဂျနဲလ်ရိုးမှာ တစ်ယောက်နဲ့တစ်ယောက် နားနားသို့ ကပ်ကာ တီးတိုးစကားပြောနေခဲ့ကြတာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရိုမာရီယိုဟာ ယခင်ချစ်သူ တက္ကသိုလ်ကျောင်းသူ အလစ်ယာနှင့် ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလအတွင်း ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ရီယိုတွင် ကျင်းပတဲ့ မာရီယာကာရီရဲ့ ရှိုးပွဲမှာ အတူတွဲခဲ့ရပါတယ်။
ယင်းနောက် ဖေဖော်ဝါရီလမှာမှ ဘရာဇီးမီဒီယာများက ရိုမာရီယိုနှင့် တွဲနေတဲ့ ကောင်မလေးက အလစ်ယာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ယင်းနောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးကို တတွဲတွဲ တွေ့ခဲ့ရပါတယ်။ သူမကို ဇန်နဝါရီလ ၃၁ ရက်နေ့တုန်းက ရိုမာရီယိုရဲ့ အသက် ၅၉ နှစ်ပြည့် မွေးနေ့မှာလည်း တွေ့ခဲ့ရပါတယ်။
အင်စတာဂရမ်တွင် Follower ငါးထောင်ကျော်ပိုင်ဆိုင်ထားတဲ့ အဟာရတက္ကသိုလ်ကျောင်းသူဟာ ၎င်းတို့ ချစ်ဇာတ်လမ်းကို ထင်ထင်ပေါ်ပေါ် မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း နေခဲ့သူလည်း ဖြစ်ပါတယ်။
ရိုမာရီယိုဟာ သူ့ ၅၉ နှစ်ပြည့် မွေးနေ့အပြီး မကြာမီမှာဘဲ အလစ်ယာရဲ့ အသက် ၂၂ နှစ်ပြည့် မွေးနေ့ပွဲကိုလည်း သူ့နေအိမ်မှာ ခမ်းနားစွာ ကျင်းပေးခဲ့ပါတယ်။
အခုတော့ သူတို့ချစ်ပုံပြင်လေး ပြီးဆုံးသွားပါပြီ။ ရိုမာရီယိုဟာလည်း ညမကူးခင်မှာပင်နောက်ထပ် ချစ်သူတစ်ယောက် ထပ်မံ ရရှိနေပြီလည်း ဖြစ်ပါတယ်။
ရိုမာရီယိုဟာ ကွဲပြားတဲ့ ချစ်ဇာတ်လမ်းတွေကနေ သားသမီး ၆ ဦး ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ယင်းအထဲမှာ တစ်ဦးက ဒုတိယဇနီးဒါနီလီဖာဗာတိုနှင့် အိမ်ထောင်ကျနေစဉ်အတွင်း နောက်ကွယ်တွင် ဖောက်ပြန်မှုမှ ရရှိခဲ့တာပါ။
တချိန်တုန်းက ဘောလုံးလောကတွင် အဆုံးသတ်ကောင်းသူ၊ ဂိုးသွင်းကောင်းသူအဖြစ် ရပ်တည်ခဲ့တဲ့ တိုက်စစ်မှူးဟောင်းဟာ သူ့သားဖြစ်သူ အသက် ၁၉ နှစ်ရှိ ရာဖေးလ်ဖာရီယာကို DNA စစ်ပြီးတော့မှ လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
ရိုမာရီယိုဟာ ၂၀၁၈ ခုနှစ်၊ မေလတုန်းက ကမ္ဘာ့ဖလားမတိုင်မီ အာဆင်နယ်တိုက်စစ်မှူးဂါဘရီရယ်ဂျေဆူးကို လိင်များစွာ ဆက်ဆံရေး အကြံပေးပြောဆိုခဲ့ရာမှ အချိန်ပြည့်လိင်စိတ်ထနေသူ အဖြစ် ကင်ပွန်းတတ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းက အင်တာဗျူးတစ်ခုတွင်လည်း ရိုမာရီယိုက ပွဲမတိုင်မီ ဇနီးသည်နှင့် အတူနေခြင်းက အလွန်ကောင်းစေကြောင်း ပြောဆိုခဲ့ဖူးပါသေးတယ်။
Players’ Tribune တွင် ၎င်းက "တခါတလေ ပွဲနေ့တွေမှာ အိမ်မှာ နေတတ်တယ်။ တစ်သင်းလုံးနဲ့ ဝေးခဲ့တယ်။ မနက်နိုးလာရင် ဇနီးနဲ့ လိင်ဆက်ဆံတယ်။ ပြီးရင် ပွဲသွားကစားတယ်။ အဲဒီလို အခါမျိုးမှာ ကွင်းထဲမှာ စိတ်အေးလက်အေးရှိပြီး ပေါ့ပါးနေသလို ခံစားရစေတယ်"လို့ ပြောဆိုခဲ့ဖူးပါတယ်။