အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများ ဖွဲ့စည်း
ရန်ကုန်မြို့လယ်ရှိ အောင်ဆန်းအားကစားကွင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက် တည်ဆောက်ခြင်းလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီကို ၂၀၂၅ ခုနှစ် (ဩဂုတ် ၂၃) ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြသည်။
ထိုကော်မတီများသည် အောင်ဆန်းကွင်းကို ပရိတ်သတ် (၂၅,၀၀၀) ခန့် ဆံ့သည့်ကွင်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရမည်လည်း ဖြစ်သည်။
လုပ်ငန်းကော်မတီတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် (၁၆) ဦး ပါဝင်သည်။
ဆပ်ကော်မတီများအဖြစ် ဗိသုကာပိုင်းဆိုင်ရာ ဆန်းစစ်အကြံပြုရေးဆပ်ကော်မတီ၊ အဆောက်အအုံကြံ့ခိုင်မှုနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ ဆန်းစစ်အကြံပြုရေး ဆပ်ကော်မတီ၊ ဘဏ္ဍငွေကြေးနှင့် စီးပွါးရေးဆိုင်ရာ ဆန်းစစ် အကြံပြုရေး ဆပ်ကော်မတီ၊ ဥပဒေရေးရာဆန်းစစ်အကြံပြုရေး ဆပ်ကော်မတီတို့လည်း ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်သည်။