စစ်ကိုင်းတံတားပေါ် ညဘက်ဖြတ်သန်းခွင့် ယာယီပိတ်
စစ်ကိုင်းတံတား (ဧရာဝတီတံတား-ရတနာပုံ) ပေါ် ညဘက်ဖြတ်သန်းသွားလာခွင့်အား နိုဝင်ဘာလ ၉ ရက်နေ့မှ စပြီး ယာယီပိတ်လိုက်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
အဆိုပါတံတားကြံ့ခိုင်ရေးအတွက် အကြီးစားပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည့်အတွက် ည ၈ နာရီ မှစ၍ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်ကြီးကြောင့်၊ မန္တလေးနှင့်စစ်ကိုင်းမြို့သို့ဆက်သွယ်သည့် ဧရာဝတီမြစ်ကူးတံတားနှစ်စင်းအနက် စစ်ကိုင်းတံတားသစ် (ဧရာဝတီတံတား-ရတနာပုံ) ၏ စစ်ကိုင်းဘက်အခြမ်းတွင် ထိခိုက်ပျ-က်စီးမှုအချို့ဖြစ်ခဲ့သည်။
တံတားဟောင်းမှာမူ အသုံးပြု၍မရလောက်သည်အထိ ကျိုးကျပျ-က်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။