အင်ဒိုက သွားလေသူသမ္မတ ဆူဟာတိုကို နိုင်ငံ့သူရဲကောင်းဘွဲ့ ချီးမြှင့်

အင်ဒိုနီးရှားနိုင်ငံသည် ကွယ်လွန်သူ သမ္မတဟောင်း ဆူဟာတိုကို တနင်္လာနေ့တွင် နိုင်ငံ့သူရဲကောင်းဘွဲ့ကို ချီးမြှင့်လိုက်သည်။ လူ့အခွင့်အရေး ချိုးဖေ-ာက်မှုများ၊ အကျင့်ပျက်ခြစားမှုနှင့် ဆွေးမျိုးသားချင်းကောင်းစားရေးဝါဒီဟူသော စွပ်စွဲမှုများဖြင့် ၁၉၉၈ ခုနှစ်တွင် အကြမ်းဖက်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ပြီးနောက် ဆူဟာတိုသည် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။
ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများနှင့် တင်းကျပ်ပြင်းထန်သော အုပ်ချုပ်မှုများကြောင့် ထိခို-က်ခဲ့သူများ၏ မိသားစုများ၏ ကန့်ကွက်မှုများရှိနေသော်လည်း ဆူဟာတို၏ သားမက်ဟောင်းဖြစ်သော လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယန်တို က သဘာပတိအဖြစ်ဆောင်ရွက်သော အခမ်းအနားတွင် ဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့သည်။
“ဗဟိုဂျာဗားပြည်နယ်မှ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး၊ လွတ်လပ်ရေးအတွက် တို-က်ပွဲဝင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီး ဆူဟာတိုသည် လွတ်လပ်ရေးခေတ်ကတည်းက ထူးချွန်ခဲ့သူဖြစ်သည်” ဟု ဆူဟာတို၏ သမီးနှင့် သားကို ပရာဘိုဝိုက ဆုတံဆိပ်ပေးအပ်နေချိန်တွင် ကြေညာသူက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် ၁၉၄၅ ခုနှစ်တွင် ကိုလိုနီအင်အားကြီးနိုင်ငံများဖြစ်သော နယ်သာလန်နှင့် ဂျပန်တို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။
အင်ဒိုနီးရှား၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးထူးခြားခြား အထောက်အကူပြုခဲ့သော အင်ဒိုနီးရှားလူမျိုးများကို နိုင်ငံ့သူရဲကောင်းဘွဲ့ကိုနှစ်စဉ် ချီးမြှင့်လေ့ရှိသည်။ ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သော ဆူဟာတိုသည် တနင်္လာနေ့တွင် အဆိုပါ သူရဲကောင်းဘွဲ့ ရရှိခဲ့သူ ၁၀ ဦးအနက် တစ်ဦးဖြစ်လာခဲ့သည်။
စစ်ဘက်အရာရှိတစ်ဦးဖြစ်သူ ဆူဟာတိုသည် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး သမ္မတနှင့် လွတ်လပ်ရေးခေါင်းဆောင်ဖြစ်သော ဆူကာနိုထံမှ နိုင်ငံ့အာဏာကို သိမ်းယူပြီးနောက် ၁၉၆၇ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သည်။

image