အသင်းငယ်လေးကို ၁၆-၀ ဖြင့် အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလားစံချိန်သစ် ရေးထိုးလာတဲ့ မော်ရိုကို
=====================

မော်ရိုကိုဟာ ပြိုင်ဘက်ကို ၁၆-၀ ဖြင့် အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလားသမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
မြောက်အာဖရိကနိုင်ငံဟာ အုပ်စု(ခ)ကနေ ရှုံးထွက်အဆင့်သို့ တက်ရောက်ဖို့အတွက် နိုင်ပွဲရရှိဖို့ လိုအပ်နေခဲ့တာပါ။
၎င်းတို့ဟာ အုပ်စုအဖွင့်ပွဲ ၂ ပွဲမှာ ဂျပန်ကို ၂-၀ ဖြင့်လည်းကောင်း၊ ပေါ်တူဂီကို ၆-၀ ဖြင့် လည်းကောင်း ရှုံးနိမ့်ထားခဲ့တာပါ။
ဒါပေမယ့် ၎င်းတို့ဟာ အသင်းငယ်လေး နယူးကာလီဒိုနီးယားကို ဂိုးတစ်ဒါဇင်ကျော် သွင်းပြီး ကမ္ဘာ့ဖလားအိပ်မက်ဆက်လက် ရှင်သန်စေခဲ့ပါတယ်။
မော်ရိုကိုဟာ ပြိုင်ဘက်ကို ၁၆-၀ ဖြင့် အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလားရဲ့ နှစ် ၄၀ သမိုင်းမှာ အကြီးမားဆုံး ဂိုးကွာဟချက်နိုင်ပွဲ ရယူခဲ့ပါတယ်။
နယူးကာလီဒိုနီးယားက တောင်ပစိဖိတ်က ပြင်သစ်ပိုင် ကျွန်းနိုင်ငံငယ်လေး ဖြစ်ပြီး လူဦးရေ ၃၀၀၀၀၀ အောက်သာ ရှိတဲ့ နိုင်ငံပါ။
၎င်းတို့ဟာ မော်ရိုကိုတို့ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်နေချိန် ပထမပိုင်း ၃၁ မိနစ်အတွင်းမှာပဲ ကစားသမား ၂ ဦးအထုတ်ခံရပြီးတဲ့နောက် ယခုကဲ့သို့ ၁၆-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ မော်ရိုကိုဟာ ဂိုးပေါက်ကန်ချက် ၇၉ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက လီဗာပူးတင်ခဲ့တဲ့ စံချိန်ထက် ပိုများနေပါတယ်။
ဒီရလဒ်ကြောင့် မော်ရိုကိုဟာ ဂိုးကွာခြားချက် +၈ ဂိုး ရရှိလာပြီး အကောင်းဆုံးတတိယအဖြစ်ဖြင့် နောက်တစ်ဆင့်သို့ တက်နိုင်မယ့်အခွင့်အရေး ရရှိလာပါတယ်။
အသင်း ၄၈ သင်းဖြင့် ယှဉ်ပြိုင်နေတဲ့ ကာတာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီ၊ အာဂျင်တီးနား၊ ဘရာဇီး၊ အမေရိကန်၊ အိုင်ယာလန်၊ ဩစတြေးလျ၊ ဇမ်ဘီယာစတဲ့ အသင်း ၇ သင်းတည်းသာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပါတယ်။
အင်္ဂလန်က အုပ်စု(E) အဖွင့်ပွဲမှာ ဗင်နီဇွဲလားကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲမှာ ဟေတီကို ၈-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
အင်္ဂလန်ဟာ ယနေ့ညမှာ အီဂျစ်နှင့် အုပ်စုနောက်ဆုံးပွဲ ကစားရပါမယ်။

image