ပုရိသအပေါင်း ပါးစပ်အဟောင်းသားဖြစ်စေမယ့် ဓာတ်ပုံတွေ ပြသလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ချစ်သူဟောင်းအိုင်ရီနာရှက်ခ်
====================
တွမ်ဘရာဒီ၊ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ချစ်သူဟောင်းအိုင်ရီနာရှက်ခ်ဟာ ပုရိသအပေါင်းတို့ ပါးစပ်အဟောင်းသား ဖြစ်စေမယ့် ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်လာပါတယ်။
ရုရှားမော်ဒယ်ဟာ ပုရိသအပေါင်းတို့အား ညှို့ငင်ယူမယ့် တပ်မက်စရာ ဓာတ်ပုံများ ရိုက်ကူးလာတာလည်း ဖြစ်ပါတယ်။
Victoria’s Secret မော်ဒယ်တစ်ဦးဖြစ်တဲ့ အသက် ၃၉ နှစ်ရှိ အိုင်ရီနာဟာ အမျိုးသမီးအတွင်းခံဝတ်စုံတွေအတွက် မော်ဒယ်ဓာတ်ပုံများ ရိုက်ကူးလာတာ ဖြစ်ပြီး ယင်းဓာတ်ပုံများကို ဆိုရှယ်မီဒီယာမှာ တင်ကာ ပုရိသအပေါင်းတို့ ရင်ဗလောင်ဆူအောင် လုပ်လာပါတယ်။
အိုင်ရီနာရှက်ခ်ဟာ ယခင်တုန်းကလည်း ဆိုရှယ်မီဒီယာတွေမှာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဓာတ်ပုံများကို တင်လာသူ ဖြစ်ပါတယ်။
အိုင်ရီနာဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ NFL ဂန္ထဝင် တွမ်ဘရာဒီနှင့် လက်တွဲလိုက် လမ်းခွဲလိုက် ဖြစ်လာခဲ့သူပါ။
သူမဟာ ဟောလီးဝုဒ်ကြယ်ပွင့် ဘရက်ဒလေကိုးပါးနှင့် နှစ်အတန်ကြာ တွဲပြီးနောက် လမ်းခွဲခဲ့သလို ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လည်း အတန်ကြာ တွဲခဲ့သူ ဖြစ်ပါတယ်။
သူမဟာ ဘရက်ဒလေကိုးပါးနှင့် ၇ နှစ်အရွယ် သမီးလေး လီယာကို မွေးဖွားထားပါတယ်။