ပြည်တွင်း/ပြည်ပအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများအတွက်ဆွေးနွေးခဲ့

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများအ လုပ်အကိုင်ရရှိ‌ရေးအတွက် တာဝန်ထမ်းဆောင်ပြီးချိန်တွင် အလုပ်အကိုင်များကိုသတ်မှတ်ချက်များနှင့်အညီ ခန့်ထားပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်ခန့် အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၇ ရက်ကကျင်းပခဲ့သည်။

ပြည်ပအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော် မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းရှိန်တက်ရောက်၍ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ ပြည်ပနိုင်ငံများသို့သွားရောက်လုပ် ကိုင်လိုပါက ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များရှာဖွေပေးခြင်း၊ အလုပ်အကိုင်လိုအပ်သည့် လုပ်သားစာရင်းနှင့် အလုပ်အကိုင်ဆိုင်ရာအချက်အလက်များကိုစာရင်းပြုစုခြင်းနှင့် စိစစ်ရွေးချယ်ခြင်းတို့ကို ဆွေးနွေးပြောကြားသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဘာ သာစကား၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်သင် တန်း၊ လုပ်ငန်းခွင်ကျွမ်းကျင် သင်တန်းများသင်ကြားပို့ချပေးခြင်း၊ ပြည်ပနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီစေလွှတ်ခြင်းတို့ကိုလည်း ဆွေးနွေးခဲ့သည်။

ထို့အတူ ပြည်တွင်းအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးတွင်လည်း စစ် မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများအနက် ပြည်တွင်းအလုပ်အကိုင်ဆန္ဒပြုသူများကို ပြည်တွင်းအ လုပ်အကိုင်နေရာများ၌ခန့်ထားနိုင်ရေးအတွက် နေပြည် တော်၊ တိုင်း၊ ပြည်နယ်များရှိ ခရိုင်/မြို့နယ် အလုပ်အ ကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်ရှင်များပေးပို့ထားသည့် အမှာစာပါ အလုပ်အမျိုးအစားများတွင် မိမိတို့နှင့်ကိုက်ညီသည့် အလုပ်အကိုင်များကို ရွေးချယ်စေကာ ဆောင်ရွက်ပေးမည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် ၎င်းတို့ဆန္ဒပြုသည့် လုပ်ငန်းနှင့်သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများတက်ရောက်နိုင်ရေးအတွက် သက်မွေးသင်တန်းကျောင်းများဖွင့်လှစ်ထားသော သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုး ရ၊ ပုဂ္ဂလိကသင်တန်းကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဟုလည်း ပြောကြားခဲ့သည်။

image