တောင်ကြီးမီးပုံးပျံပွဲတွင် ရှမ်းယူနိုက်တက်အသင်း လွှတ်တင်သည့် မီးပုံးပျံ ပထမဆု ဆွတ်ခူး

အသင်း၏ မီးပုံးပျံလွှတ်ရာတွင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ပါဝင်

တောင်ကြီးမီးပုံးပျံပွဲတွင် ရှမ်းယူနိုက်တက်အသင်းလွှတ်တင်ခဲ့သည့် ညမီးကြီး မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံအမျိုးအစားတို့က ပထမဆုနှင့် နှစ်သိမ့်ဆု (၂)ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အက်ဖ်စီကိုယ်စားပြု ယမ်းပိဿာချိန် ၂၅ ပိဿာ၊ နံထောင်အမြင့် ၂၂ ပေ ရှိသည့် ညမီးကြီး မီးပုံးပျံတွင် “ပထမဆု” ကို ဆွတ်ခူးနိုင်ခဲ့ပြီး စိန်နားပန်မီးပုံးပျံအမျိုးအစားတွင်လည်း “နှစ်သိမ့်ဆု” ကို ရရှိခဲ့ခြင်းဖြစ်သည်။

အသင်း၏ မီးပုံးပျံလွှတ်တင်ပွဲသို့ အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင် ပါဝင်ကူညီခဲ့ကြောင်း အသင်းက အသိပေးထားသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယမန်နေ့ နိုဝင်ဘာ(၈)ရက်ညနေပိုင်းက တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားများကိုလည်း တဆက်တည်းကျင်းပခဲ့ကြကြောင်း သိရသည်။

image