လိင်အလွန်အကျွံဆက်ဆံလို့ အားကစားစတားတွေ ဒဏ်ရာရရှိလို့ အပြစ်တင်ခံခဲ့ရတဲ့ အီတလီမော်ဒယ်
=====================
အီတလီမော်ဒယ်တစ်ဦးဟာ လိင်အလွန်အကျွံဆက်ဆံလို့ သူမရဲ့ တွဲဖက်တွေ ဒဏ်ရာရရှိမှုအတွက် ဝေဖန်နေသူများကို ပြန်လည်တုံ့ပြန်မှု ပြုလုပ်လာပါတယ်။
မော်ဒယ်နှင့် ရုပ်သံတင်ဆက်သူ မီလစ်ဆာဆတ်တာဟာ ပို့စ်မောက်နှင့် စပါးစ်စတားဟောင်းကီဗင်ပရင့်စ်ဘိုတန်းနှင့် လက်ထပ်ပြီးနောက် တင်းနစ်စတားမာတီယိုဘာရက်တီနီနှင့် တွဲခဲ့သူလည်း ဖြစ်ပါတယ်။
ဘာရက်တီနီဟာ မီလစ်ဆာဆတ်တာနှင့် တွဲနေစဉ်အတွင်း ဝမ်းဗိုက်နာကျင်ဝေဒနာခံစားခဲ့ရကာ ယင်းပြဿနာအတွက် ဆတ်တာက အပြစ်တင်ခံခဲ့ရပါတယ်။
အွန်လိုင်းအသုံးပြုသူများက ဘာရက်တီနီ ယင်းဒဏ်ရာရရှိမှုက ဆတ်တာနှင့် လိင်အလွန်အမင်းဆက်ဆံလို့ ဆိုပြီး အပြစ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူမကတော့ ယင်းကို ငြင်းဆိုထားပါတယ်။
၂၀၂၃ ခုနှစ်တုန်းက ဘာရက်တီနီ ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်ပြီး သူမက "၂၀၂၁ ခုနှစ်တုန်းက ရခဲ့တဲ့ ဒဏ်ရာနေရာမှာဘဲ ထပ်ရရှိခဲ့တာပါ။ အဲဒီတုန်းက သူ့ကို သိတောင် မသိပါဘူး။ ဒါပေမယ့် ဘယ်လို ပြဿနာပဲ ဖြစ်လာ ဖြစ်လာ ကျွန်မဘက်က ဖြေရှင်းပေးနေရမှာလား"လို့ ဆိုသွားပါတယ်။
ဆတ်တာဟာ ဘိုတန်းနှင့် လက်ထပ်စဉ်တုန်းကလည်း မီလန်နှင့် ဖရန့်ဖတ်စတားဟောင်း ဒဏ်ရာရရှိမှုအတွက် ယင်းသို့ပင် အပြစ်တင်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူမက လိင်အလွန်အမင်းဆက်ဆံလိ့ ဘိုတန်း ဒဏ်ရာရရှိတာလို့ အပြစ်တင်ခံရကြောင်း ဆိုသွားပါတယ်။
အသက် ၃၉ နှစ်ရှိ မော်ဒယ်က "တခါတုန်းက ကျွန်မ ခင်ပွန်းဟောင်း ပေါင်ခြံဒဏ်ရာရတုန်းကလည်း ကျွန်မတို့ လိင်အလွန်အကျွံဆက်ဆံလို့ ဒီဒဏ်ရာရတာဆိုပြီး ကျွန်မကို တိုက်ခိုက်ခဲ့ကြတယ်။ လိင်ဆက်ဆံတာ များလွန်းလို့ သူ့ ကြံ့ခိုင်မှုပြဿနာကြုံလာတယ်ဆိုပြီးတော့ပေါ့။ လိင်ခွဲခြားမှု ဆက်ဆံမှု ရှိတယ်ဆိုတာ ဒါက သက်သေတွေပါ။ ယောင်္ကျားတွေကို အာရုံလွဲစေမှုအတွက် အမျိုးသမီးတွေဘဲ အမြဲတမ်းအပြစ်တင်ခံရတယ်။ အမျိုးသမီးတစ်ယောက် ဆုံးရှုံးမှု တစ်ခုကြုံပြီရင်ဆိုရင်တော့ အမျိုးသားကြောင့် မဟုတ်ဘူး။ သူ လုပ်လို့ ဖြစ်တာဆိုပြီး အပြစ်တင်ပြန်တယ်"လို့ ပြောကြားသွားပါတယ်။
ဆတ်တာဟာ ၂၀၂၄ ခုနှစ်တွင် ဘာရက်တီနီနှင့် လမ်းခွဲလိုက်ပြီးတဲ့နောက် အီတလီတိုက်စစ်မှူးဟောင်းခရစ္စတီယန်ဗီဟာရီနှင့် တွဲခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူမက စင်ဂယ်တစ်ဦး ဖြစ်ပါတယ်။