စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၈ ရက်က FX Market Online Trading Platform တွင် တစ်ဒေါ်လာ ၃၆၄၀ ကျပ်ဖြင့် ဈေးကွက်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ၀ယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ခုနစ်သိန်းနီးပါးကို နိုဝင်ဘာလ ၈ ရက်က စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခဲ့သည်။
ယင်းနေ့ FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ဆက်သွယ်ရေးပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ သံမဏိ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ခြင်းဖြစ်သည်။