၇ ကြိမ်မြောက် ရုံးချိန်းအထိ မလာရောက်သဖြင့်ဟုဆိုကာ ရွှေလက်ဒေါ်ခင်စန်းရီကို တရားရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း မီဒီယာအချို့တွင် ဖော်ပြထား
မန္တလေးတိုင်း၊ အမရပူရမြို့နယ် တရားရုံး၌ အမှုဖွင့်တရားစွဲခံထားရသည့် ရွှေလက်ဒေါ်ခင်စန်းရီသည် (၇) ကြိမ်မြောက်ရုံးချိန်းအထိ တရားရုံးကို လာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်းထုတ်ခံလိုက်ရကြောင်း ဘီဘီစီမြန်မာပိုင်းက ဖော်ပြသည်။
ရွှေလက် ဒေါ်ခင်စန်းရီသည် တိုင်းရင်းဆေးကုသခွင့်လက်မှတ်မရှိဘဲ လေဖြ-တ်လူနာများအပါအဝင် နာတာရှည် ရောဂါများကို ဆေးကုသနေသောကြောင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီက အမှုဖွင့်တရားစွဲဆိုထားခြင်း ဖြစ်သည်။
သူမကို ဇူလိုင် ၂၁ ရက်၌ တိုင်းရင်းဆေးကောင်စီဥပဒေပုဒ်မ ၆၁ ဖြင့် အမရပူရမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကာ ၇ ချိန်းမြောက်ဖြစ်သည့် ယနေ့ ရုံးချိန်းအထိ တရားရုံးကို လာရောက်ခြင်းမရှိဟုလည်း သိရသည်။
ထို့ပြင် တိုင်းရင်းဆေးပညာဦးစီးဌာနက ဒေါ်ခင်စန်းရီကို မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးမေတ္တာနာမည်နှင့်ဆေးဝါးများ ထုတ်လုပ်သောကြောင့် တရားစွဲဆိုထားသေးသည်။
ထိုကိစ္စများနှင့် ပတ်သက်၍ ဒေါခင်စန်းရီ လူမှုကွန်ယက်၌ တင်ထားသည့် သူမ လက်ကိုင်ဖုန်းနှင့် လူမှုကွန်ယက်ကို ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဓာတ်ပုံ - ဒေါ်ခင်စန်းရီ Facebook