CLMVအစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့ ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၇) ကြိမ်မြောက်(CLMV) စီးပွားရေးဝန်ကြီးများအစည်း အဝေးတက်ရောက်ရန်ရောက်ရှိနေသည့် ကမ္ဘောဒီး ယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နိုဝင်ဘာ ၇ ရက်ညနေ ၄ နာရီက ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
၎င်းတို့သည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ပန်း၊ရေချမ်း၊ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဆံ တော်မြတ်ရတနာဓာတ်ပုံအားလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြသည်။