အမေရိကန်တွင် အစိုးရ ရပ်ဆိုင်းမှု ကြာမြင့်လာသဖြင့် လေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ် ရာနှင့်ချီ၍ ဖျ-က်သိမ်း

အစိုးရ ရပ်ဆိုင်းမှု(shutdown)ကြောင့် အမေရိကန်ရှိ အဓိက လေဆိပ် ၄၀ တွင် ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ (FAA) က လေယာဉ်အစီးပမာဏကို ကန့်သတ်ရန် စတင်တော့မည် ဖြစ်သဖြင့်၊ အဓိက လေကြောင်းလိုင်းကြီးများက ၎င်းတို့၏ နေ့စဉ် ထောင်ပေါင်းများစွာသော ပျံသန်းမှုများအနက် လေယာဉ်ခရီးစဥ် ရာနှင့်ချီ၍ ဖျ-က်သိမ်းရန် စီစဉ်နေကြောင်း ယနေ့သောကြာနေ့တွင်ပြောကြားခဲ့သည်။

American Airlines က ၎င်း၏ နေ့စဉ် ပျံသန်းမှု ၆,၀၀၀ ခန့်အနက် ပျံသန်းမှု ၂၂၀ ခန့်ကို ယ‌နေ့သောကြာနေ့မှစ၍ ယခု သီတင်းပတ်ကုန်အထိ ဖျ-က်သိမ်းမည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

United Airlines ကလည်း ၎င်း၏ နေ့စဉ် ပျံသန်းမှု ၅,၀၀၀ ကျော်အနက် ပျံသန်းမှု ၂၀၀ အောက်ကို သီတင်းပတ်ကုန်အထိ ဖျ-က်သိမ်းရန် စီစဉ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Delta Airlines ကလည်း ၎င်းတို့၏ နေ့စဉ် ပျံသန်းမှု ၁၇၀ ခန့်ကို ဖျ-က်သိမ်းရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ရှိ အကြီးဆုံး လေကြောင်းလိုင်းသုံးခုဖြစ်သည့် American, United နှင့် Delta တို့သည် ထိခိုက်နစ်နာသော ခရီးသည်အများစုကို အခြားလေယာဉ်များတွင် လိုက်ပါနိုင်ရန် စီစဉ်ပေးနိုင်လိမ့်မည်ဖြစ်သသည်။

ဤ ဖျ-က်သိမ်းမှုများသည် အစိုးရ ရပ်ဆိုင်းမှု စတင်ခဲ့သည်မှာ တစ်လကျော်ကြာပြီးနောက် လေကြောင်း ခရီးသွားလာရေးအတွက် ဤအကြိမ်သည် အကြီးမားဆုံးသော အနှောင့်အယှက် ဖြစ်နိုင်ခြေရှိသည်။

image