ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲဖျ-က်ဆီးခံရမှုကြောင့် ရထားခရီးစဥ်(၂)ခုကို ယာယီရပ်ဆိုင်း
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၏ သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းအား အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းက မိုင်းခွဲဖျ-က်ဆီးခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။
အမှတ် (၆၈၆) အစုန်ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်တိုင် ၁၂၅/၁၈ နှင့် ၁၂၅/၁၉ ကြားအရောက် အကြမ်းဖက်အဖွဲ့မှ ရထားလမ်းအားမိုင်းခွဲဖျ-က်ဆီးသဖြင့် ကျောက်ရထား၏ စက်ခေါင်းအပါအဝင် ရထားတွဲ (၄) တွဲလမ်းချော်ခဲ့ပြီး ရ ထားသံလမ်း (၂) ဆက်ခန့်ပျ-က်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပျ-က်စီးသွားသည့် ရထားသံလမ်းအား ပြန်လည်ပြင်ဆင်နိုင်ရေးနှင့် လမ်းချော်နေသည့် ရထားတွဲများအား ပြန်လည်တည့်မတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများကြောင့် ယနေ့ နိုဝင်ဘာ ၇ ရက်တွင် မော်လမြိုင်ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန်- မော်လမြိုင်ရထားခရီးစဥ်(၂)ခုအား ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ယာယီရပ်ဆိုင်းခဲ့ရမှုကြောင့် ယင်း ခရီးစဥ်များတွင်လိုက်ပါရန် လက်မှတ်ဝယ်ယူထားသူများ၏ ရထားလက်မှတ်ခများအား မော်လမြိုင်ဘူတာကြီးရှိ နေ့ချင်းလက်မှတ်ရုံ၌ နံနက် ၈ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။