6 ရက် - ဘာသာပြန်ပါ။

အားလုံးပါးစပ်အဟောင်းသား ဖြစ်စေမယ့် အဝတ်မဲ့ ဓာတ်ပုံတင်လို့ အင်စတာဂရမ်မှာ အဘန်းခံထိလာဖို့ ရှိနေတဲ့ ယူနိုက်တက်စတားဒီလက်ရဲ့ ဇနီး
=====================

ယူနိုက်တက်စတားမားသီးယပ်စ်ဒီလက်ရဲ့ ဇနီးသည် အန်နီကီးမိုးလ်နာဟာ အားလုံးပါးစပ်အဟောင်းသားဖြစ်စေမယ့် ဓာတ်ပုံများကို တင်လာမှုကြောင့် အင်စတာဂရမ်မှာ အကောင့်အဘန်းခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။

ဒီလက်နှင့် မိုးလ်နာတို့ဟာ လက်ထပ်ပြီး တစ်နှစ်ကျော်အကြာ စက်တင်ဘာလတုန်းက လမ်းခွဲလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သူပါ။

ဒတ်ချ်သတင်းစာ DenD က ၎င်းတို့ ဇနီးမောင်နှံဟာ ကိုယ့်ကိုယ်ကိုအတွက် အချိန်ပေးလာကြမှုများနှင့်အတူ အိမ်ထောင်ရေး အဆုံးသတ်သွားပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် မိုးလ်နာရဲ့ အင်စတာဂရမ်တွင် နောက်ဆုံး တင်လာတဲ့ ဓာတ်ပုံများအရ ဒီလက်နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပေမယ့်လည်း သူမဘဝက ပျော်ရွှင်နေပုံရပါတယ်။

သူမဟာ အားလပ်ရက် ကမ်းခြေအပန်းဖြေခရီးစဉ်အတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို တင်လာပါတယ်။

ယင်းဓာတ်ပုံများတွင် မိုလ်နာဟာ အရေးပါတဲ့ နေရာများကို ဖုံးကွယ်ထားတဲ့ ကိုယ်လုံးတီး ခပ်ဝါးဝါးရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ပါဝင်ပါတယ်။

အသက် ၂၆ နှစ်ရှိ မိုလ်နာဟာ ယင်းဓာတ်ပုံများကို တင်ပြီး “Craving Some Sunshine.” ဆိုပြီးတော့လည်း စာရေးသားထားပါသေးတယ်။

မိုလ်နာရဲ့ Follower တွေကတော့ ယင်းဓာတ်ပုံကြောင့် အလုအယက် Comment ပေးနေကြပါတယ်။

ဒီလက်နှင့် မိုလ်နာတို့ဟာ လမ်းခွဲလိုက်ပြီလို့ သတင်းများက ဖော်ပြနေကြပေမယ့်လည်း အိမ်ထောင်ရေးအခြေအနေနှင့်ပတ်သက်ပြီး တစုံတရာ အတည်ပြုထားတာတော့ မရှိသေးပါဘူး။

imageimage