ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ပြန်ကစားနိုင်ရန် နီးစပ်နေပြီ ဖြစ်တဲ့ ဝိန်းရွန်းနီရဲ့သားကိုင်
=================

ကိုင်ရွန်းနီဟာ ရာသီအစတုန်းက ဒဏ်ရာရရှိကာ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံပြီးနောက် ပြန်လည် ကစားနိုင်ရေး နီးစပ်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဂန္ထဝင်ဝိန်းရွန်းနီရဲ့ သားဟာ စက်တင်ဘာလအစပိုင်းကတည်းက ဒဏ်ရာကြောင့် အနားယူလာခဲ့ရတာလည်း ဖြစ်ပါတယ်။

ကိုင်ဟာ အသက် ၁၆ နှစ်သာရှိသေးပေမယ့်လည်း သူ့ထက် အသက် ၄ နှစ်ကြီးတဲ့ ယူနိုက်တက်ယူ-၁၉ အသင်းမှာ ကစားခွင့်ရနေသူ ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ပွဲတစ်ပွဲတွင် ညာဖက်ခြေထောက်ဒဏ်ရာရရှိပြီး အကာအကွယ်ဖိနပ်စီးခဲ့ရာ ဂျိုင်းထောက်ဖြင့် နေခဲ့ရကာ နှစ်လနားခဲ့ရပါတယ်။

ကိုင်ရွန်းနီဟာ ဒဏ်ရာရရှိမှုအပေါ် အကြီးအကျယ် စိတ်ပျက်ကာ “Life can’t get worse.”ဆိုတဲ့ စာသားဖြင့် အင်စတာဂရမ် Story တွင် စိတ်ပျက်လက်ပျက် ပို့စ်တင်ခဲ့ပါသေးတယ်။

တနင်္ဂနွေနေ့တုန်းက အသက် ၁၆ နှစ်ပြည့်ခဲ့တဲ့ ကိင်ရွန်းနီဟာ ဩဂုတ်လတုန်းက ယူနိုက်တက်ယူ-၁၈ ပွဲမှာ ဂိုးသွင်းပြီးနောက် ရာသီအစ တာထွက်ကောင်းခဲ့သူပါ။

ဒါပေမယ့် ယခုအခါမှာတော့ ကိုင်ရွန်းနီဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးဝတ်စုံအပြည့်အစုံဝတ်ဆင်ပြီး ပို့စ်တင်လာမှုနှင့်အတူ မြက်ခင်းပြင်ပေါ်တွင် ခြေချနိုင်ပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ဆယ်ကျော်သက် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဖခင်ဖြစ်သူနှင့်အတူ ဒူဘိုင်းသို့ သွားရောက်ကာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ခဲ့သူပါ။

အသက် ၄၀ နှစ်ရှိ ဝိန်းရွန်းနီဟာ သူ့အလုပ်သစ် Football Escapes ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အောက်တိုဘာလတုန်းက ဒူဘိုင်းသို့ သွားရောက်ကာ ကလေးများကို လေ့ကျင့်ပေးခဲ့ပါတယ်။

ရွန်းနီဟာ အင်္ဂလန်နောက်ခံလူမိုက်ကယ်ဒေါ်ဆင်နှင့်အတူ Jumeirah Beach Hotel တွင် ကလေးများကို လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

image