2 ရက် - ဘာသာပြန်ပါ။

တောင်သာမြို့နယ်တွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦး၏ ဇနီးနှင့် ကလေးနှစ်ဦးကို မလှိုင်မြို့၌ PDF များက ဖမ်းဆီးခေါ်ဆောင်သွား

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦး၏ ဇနီးနှင့် ကလေးနှစ်ဦးကို မလှိုင်မြို့၌ PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာရှိ ရုံးစည်ကြီးရဲကင်းစခန်းမှ ရဲတပ်သားစိုင်းခွန်ကျော်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင်သည် ၎င်း၏သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်စိုင်းကိုကို၊ သမီးဖြစ်သူ အသက်ကိုးလအရွယ် မနန်းရွှေပိုးဖြူသန့်တို့နှင့်အတူ မလှိုင်မြို့နယ်ရှိ မလှိုင်မြို့မဈေးတွင် ဈေးဝယ်နေစဉ် PDF နှစ်ဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားသည့် နိုင်ငံ့ဝန်ထမ်း၏မိသားစုဝင်များကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image