ချစ်သား အားမလျှော့နဲ့
~~~~~~~~~~~~~~~
အဆင်မပြေမှုတွေ များလာတဲ့အခါမှာ ဘုရားရှင်ရဲ့ မျက်နှာတော်ကို စူးစူးစိုက်စိုက်နဲ့ ဖူးမြင်လိုက်ရတယ် ဆိုရင်ပဲ ••• ဗုဒ္ဓက •••
ချစ်သား၊ အားမငယ်နဲ့။ ငါဘုရားရှင်လည်း •••
~ သူတစ် ပါးရဲ့ ဆဲဆိုတာကို ခံရတာပဲ။
~ စွပ်စွဲတာလည်း ခံရတာပဲ။
~ လုပ်ကြံတာလည်း ခံရတာပဲ။
~ စားစရာအတွက် အခက်အခဲဖြစ်လို့
(၁)ဝါတွင်းလုံးကို ဂျုံဆွမ်းနဲ့ ပြီးခဲ့ ရတာပဲ။
~ ဝတ်စရာအတွက် အခက်အခဲဖြစ်လို့
အလောင်းကောင်ရဲ့ ဝတ်ရုံကို ခွါပြီး ဝတ်ခဲ့ရတာပဲ။
~ နေစရာအတွက် အခက်အခဲဖြစ်လို့ သစ်ပင်အောက်မှာ နေခဲ့ ရတာပဲ။
~ အနာရောဂါ နှိပ်စက်တာကို ငါဘုရားရှင်လည်း ခံစား ခဲ့ရတာပဲ။
~အခြံအရံ မရှိလို့ ပါလိလေယျ တောထဲမှာ
ဆင်ကြီးက ပြုစု၊ လုပ်ကျွေး ရပါတယ် တဲ့ ။
ချစ်သား •••
ဒါတွေက လောကဓံ တွေပါ၊ ဘယ်သူမှ မလွတ်ပါဘူး တဲ့။ ဘယ်လို ဘဝမျိုးပဲရောက်ရောက် ကုသိုလ်ပြုဖို့၊ တရား ရှာဖို့ကိုသာ မမေ့လျော့ပါနဲ့ တဲ့။
~ အကောင်း၊ အဆိုး၊
~ ချမ်းသာ၊ ဆင်းရဲ၊
~ အခြွေအရံ ပေါများတာ၊ အခြွေအရံ ရှားပါးတာ၊
~ ချီးမွမ်းတာ၊ ကဲ့ရဲ့တာ
အဲဒီ (၈)မျိုးဟာ ဘယ်သူနဲ့မှ မကင်းသလို အရာအားလုံးဟာလည်း တဒင်္ဂ၊ ခဏလေးပါပဲ ချစ်သား တဲ့။လူဖြစ်တုန်း၊ သာသနာနဲ့ ကြုံတုန်း သံသရာကနေ လွတ်မြောက်ဖို့ကိုသာ စဉ်းစားပါ၊ ကြိုးစား ဆောင်ရွက်ပါ တဲ့။
ချစ်သားရဲ့ ဒုက္ခ ဘယ်လောက် ကြီးလို့လဲ။ ချစ်သမီး ပဋာစာရီလောက် ဆိုးနေလို့လား? အားမငယ်ပါနဲ့ ချစ်သား တဲ့။
ကျွန်တော် ကိုယ့်ဒုက္ခကို တော်တော်ကြီးတယ် ထင်ပြီး ခံစားနေတာ။ ပဋာစာရီအကြောင်း ကြားလိုက် ရတော့မှ •• ဪ •• တကယ်တော့ ဘာမှ မဟုတ်ပါလား ဆိုတာကို သိလာ ရပါတယ်။
ပြီးတော့ ဗုဒ္ဓရဲ့_တရားတော်က ၃၁ ဘုံသားတွေရဲ့_ခံစားမှုအားလုံးကို အနိုင်ယူနိုင်တဲ့သတ္တိရှိပါလား ဆိုပြီး စိတ်ဓာတ်တွေ ပြန်ပြီး မြင့်တက် လာပါတော့တယ်။