ပံ့သကူကောက်မှု ရပ်ကြည့်နေသူ ကားတိုက်ခံရပြီးသေဆုံး
--------------------

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် ညပိုင်းက ပံ့သကူကောက်သူတွေကို လမ်းဘေး ကနေ ရပ်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက် ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ ရှင်သန်ရေးကူညီမှုအသင်း ကနေ သိရပါတယ်။

နိုဝင်ဘာ ၅ ရက် ည ၇ နာရီခွဲဝန်းကျင်အချိန်က သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊ တစ်ဆယ့်လေးရပ်ကွက် (၁၃)ဂက်ဆိုင်ရှေ့မှာ လမ်းအလယ်က ပံ့သကူအဖြစ် ပိုက်ဆံတွေ ပစ်ချတာကို လိုက်ကောက်နေတဲ့ လူစုကို ရှောင် လိုက်တဲ့ကားက လမ်းဘေးမှာ ရပ်နေတဲ့သူကို တိုက်မိမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်၊၊

ယာဉ်တိုက်ခံရတဲ့အမျိုးသမီးကို ရှင်သန်ရေးကူညီမှုအသင်းကယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်၊၊ ကားနဲ့တိုက်သွားတဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးသွား တယ်လို့ သိရပါတယ်၊၊

ဒါ့အပြင် နိုဝင်ဘာ ၄ ရက် တန်ဆောင်မုန်းလပြည့်ညကလည်း ရန်ကုန်နဲ့နေပြည်တော်ရှိ လမ်းမပေါ်တွေမှာ ကားပေါ်က ပံ့သကူအဖြစ် ပိုက်ဆံတွေ ပစ်ချတာကို လိုက်လံကောက်ယူကြရင်း ကားတိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၅ ယောက်ရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်၊၊

image