စားသုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ ၂ သန်းခွဲနီးပါး ရောင်းချ
---------------------
စားသုံးဆီလုပ်ငန်းရှင်တွေကို နိုဝင်ဘာ ၅ ရက်က အမေရိကန်ဒေါ်လာ ၂ သန်းခွဲနီးပါး ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၂ သန်းခွဲနီးပါးကို စားသုံးဆီ တင်သွင်းတဲ့ကုမ္ပဏီတွေကို ရောင်းချပေးခဲ့တာပါ။ ဒါ့အပြင် နိုဝင်ဘာ ၅ ရက်နေ့မှာပဲ FX Market Online Trading Platform ကနေ ထိုင်းဘတ် ၁ သန်းခွဲကျော်ကို လည်း ရောင်းချပေးခဲ့ပါသေးတယ်။
ဗဟိုဘဏ်ရဲ့ FX Trading Platform မှာ နိုဝင်ဘာ ၅ ရက်က နိုင်ငံခြားငွေလဲနှုန်းဟာ အမေရိကန် တစ်ဒေါ်လာကို ၃၆၄၀ ကျပ်၊ ထိုင်း တစ်ဘတ်ကို ၁၂၄ ကျပ်နဲ့ တရုတ် တစ်ယွမ်ကို ၅၅၆ ကျပ် သတ်မှတ် ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။