ကြိုတင်ဆန္ဒမဲပေးမည့်သူများသည် ဘောလ်ပင်ဖြင့် အမှန်ခြစ် (✓) အမှတ်အသား ရေးခြစ်မဲပေးရမည်
ကြိုတင်ဆန္ဒပေးမည့်သူများသည် ကြိုတင်မဲပေးရာတွင် မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတတည့်တည့်တွင်ရှိသော လေးထောင့်အကွက်အတွင်း၌သာ ဘောလ်ပင်ဖြင့် အမှန်ခြစ် (✓ )အမှတ်အသား ရေးခြစ်မဲပေးရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့မဲပေးနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅ နှင့် ပုဒ်မ ၄၇ အရ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များနှင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွင် ကြိုတင်ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်မဲပေးနိုင်မည် ဖြစ်သည်။
ထိုသို့မဲပေးရာတွင် ဘောလ်ပင်ဖြင့် အမှန်ခြစ် (✓) အမှတ်အသားရေးခြစ်၍ ဆန္ဒပြုရမည့် ကြိုတင်ဆန္ဒမဲလက်မှတ်များအတွက် ခိုင်လုံမဲနမူနာပုံစံများနှင့် ပယ်မဲနမူနာပုံစံများကိုလည်း (UEC)က ထုတ်ပြန်အသိပေး ကြေညာထားကြောင်းလည်း သိရသည်။