မြန်မာနိုင်ငံပုံနှိပ်သူနှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းမှ မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်‌ရေ (၂၀၀၀) လှူဒါန်း

ယနေ့ နိုဝင်ဘာလ ၆ရက်တွင် မြန်မာသတင်းမီဒီယာသမားများအတွက် "၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်" မိတ်ဆက်ပွဲအခမ်းအနားကို သိမ်ဖြူလမ်းပေါ်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါစာအုပ်ကို မကြာခင်ကျင်းပမည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက်ရည်ရွယ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) တို့ ညှိနှိုင်းပေါင်းစပ်ပြင်ဆင်ဖြည့်စွက်ဖန်တီးပြုစုထားခြင်းဖြစ်သည်။

အဆိုပါ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်ရေ (၂၀၀၀) ကို မြန်မာနိုင်ငံပုံနှိပ်သူနှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းမှ မြန်မာသတင်းမီဒီယာသမားများအတွက် တာဝန်ယူလှူဒါန်းပေးခဲ့သည်။

image