မက်ဆီနှင့် ဘက်ပေးတို့ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်စံချိန်ကို ဘယ်လင်ဂမ် ရိုက်ချိုးလာ
=====================

ဂျူ့ဘယ်လင်ဂမ်ဟာ မနေ့ညတုန်းက အန်ဖီးလ်တွင် လီဗာပူးအား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် လီယွန်နယ်မက်ဆီနှင့် ရီးရဲလ်မက်ဒရစ်ကစားဖော်ကိုင်လီယန်ဘက်ပေးတို့အား ကျော်ဖြတ်ကာချန်ပီယံလိဂ်သမိုင်းစံချိန်သစ် ရေးထိုးလာပါတယ်။
ဘယ်လင်ဂမ်ဟာ အသက် ၂၂ နှစ်နှင့် ၁၈ ရက်ဖြင့် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ပွဲ ၅၀ ပြည့်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာတာလည်း ဖြစ်ပါတယ်။

သူဟာ ကာဆီးလက်စ်ရဲ့ကာလရှည်ကြာ ချန်ပီယံလိဂ်စံချိန်ကို ရိုက်ချိုးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ဒေါ့မွန်မှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလာပြီးနောက် ပထမဆုံးရာသီတွင် ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဖလားတို့ ရယူနိုင်ခဲ့ပါတယ်။ သူဟာ ၂၁ ရာစုတွင် လာလီဂါနှင့် ချန်ပီယံလိဂ်တို့တွင် ပထမဆုံးကစားတဲ့ပွဲမှာ ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့တာပါ။

သူဟာ ရီးရဲလ်မက်ဒရစ်သို့ မပြောင်းမီ ဒေါ့မွန်တွင် ကစားစဉ် ၂၀၂၂ ခုနှစ်တုန်းက ဆီဗီလာနှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကာ ချန်ပီယံလိဂ်သမိုင်းတွင် စတုတ္ထအသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သလို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ယူနီယံဘာလင်နှင့်ပွဲတွင် ၉၀ မိနစ်အနိုင်ဂိုးကြောင့် ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်အတွက် အသက်အငယ်ဆုံး နောက်ဆုံးမိနစ်သွင်းဂိုးရှင်အဖြစ်လည်း သမိုင်းရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် သူဟာ နောက်ဆုံးမိနစ်တွင် အနိုင်ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးအင်္ဂလန်ကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။

အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်ဟာ အန်ဖီးလ်ပွဲမတိုင် ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲတင် ၁၃ ဂိုးအနိုင်ရရှိပြီး ၆ ပွဲဆက် နိုင်ပွဲ ရရှိထားပါတယ်။

ဒါပေမယ့် အန်ဖီးလ်ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ၆၁ မိနစ်တွင် မက်အယ်လစ်စတာသွင်းယူတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

image