ဗြိတိန်ကို စွန့်ခွာပြီး ဒူဘိုင်းတွင် အခြေချရတဲ့ အကြောင်းရင်းကို ဖွင့်ချကာ အစိုးရကို ဝေဖန်လာတဲ့ ရီယိုဖာဒီနန်
====================
ရီယိုဖာဒီနန်ဟာ ဗြိတိန်ကို စွန့်ခွာပြီး ဒူဘိုင်းတွင် အခြေချရတဲ့ အကြောင်းရင်းအား ဖွင့်ဟကာ ဗြိတိန်အစိုးရကာ ဝေဖန်လာပါတယ်။
ယူနိုက်တက်နှင့် အင်္ဂလန်ဂန္ထဝင်နောက်ခံလူဟာ ဩဂုတ်လတုန်းက အင်္ဂလန်ကို စွန့်ခွာပြီး အရှေ့အလယ်ပိုင်းတွင် အခြေချလာပါတယ်။
ဖာဒီနန်ဟာ မေလတုန်းက TNT Sports မှ နုတ်ထွက်လိုက်ပြီးနောက် မိသားစုအား ခေါ်ဆောင်ကာ ဒူဘိုင်းတွင် အခြေချလာပါတယ်။
အသက် ၄၆ နှစ်ရှိ ဖာဒီနန်ဟာ ဇနီးသည် အသက် ၃၃ နှစ်ရှိ ကိတ်၊ ကလေးများဖြစ်ကြတဲ့ အသက် ၄ နှစ်ရှိ ခရီး၊ အသက် ၂ နှစ်ရှိ ရှဲတို့နှင့်အတူ နိုင်ငံခြားတွင် ပျော်ရွှင်စွာ ဘဝသစ် စတင်နေပါတယ်။
ဖာဒီနန်ဟာ ကွယ်လွန်သွားရှာဖြစ်ပြီဖြစ်တဲ့ ဇနီးဟောင်းရီဘက်ကာအယ်လစ်ဆင်နှင့်လည်း အသက် ၁၉ နှစ် အရွယ်ရှိ လိုရန့်ဇ်၊ အသက် ၁၇ နှစ်အရွယ်ရှိ တာတီ၊ အသက် ၁၄ နှစ်အရွယ်ရှိ တီယာတို့အား ပိုင်ဆိုင်ထားပါသေးတယ်။
ရီယိုဖာဒီနန်နှင့် ကိတ်တို့ဟာ နှစ်ပေါင်း ပေါင် ၅၇ သန်း ကြွယ်ဝချမ်းသာသူများလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် ဆွတ်ခူးခဲ့တဲ့ ရီယိုဖာဒီနန်က ကီယာစတာမာရဲ့ လေဘာအစိုးရ လက်ထက်တွင် အခွန် ပေါင် ၄၀ ဘီလီယံအထိ တိုးမြှင့်ကောက်ခံလာမှုနှင့်အတူ အင်္ဂလန်ကို စွန့်ခွာရန် ဆုံးဖြတ်ချက်ချလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရီယိုဖာဒီနန်က အစိုးရဘက်က အခွန်တိုးမြှင့်ကောက်ခံပေမယ့်လည်း အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မပြုလပ်မှုကိုလည်း ဝေဖန်သွားပါတယ်။
ဖာဒီနန်က "ဥပမာ ပြောရရင် ကျန်းမာရေးစောင့်ရှောက်မှုကသာ အရမ်းကောင်းနေမယ်ဆိုရင် လူတွေက အခွန် ဘယ်လောက်ပဲ ပေးရပါစေ ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံက အစိတ်အပိုင်းတွေ ပြိုလဲပြီး မှားယွင်းနေတဲ့အချိန်မှာ အခွန်ဆောင်ပေးနေရတယ်။ တကယ်ကော အခွန်တွေက ဒီမှာ နေထိုင်တဲ့ ပြည်သူ့အကျိုးပြုမယ့်အရာတွေဆီသို့ သွားနေတာလား။ မေးခွန်းကြီးအတွက် အဖြေလိုအပ်တယ်။ အဖြေဘယ်လို ဖြစ်ရမယ်ဆိုတာ ကျွန်တော်တို့တေ အများကြီး သိကြတယ်"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် ဖာဒီနန်က ဒူဘိုင်းတွင် အခြေချ နေထိုင်ပြီး လအနည်းငယ်အကြာမှာပင် မိသားစုဘဝအတွက် အကျိုးကျေးဇူးရှိနေပြီ ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "အရင်ကထက် မိသားစုက ကျွန်တော့်ကို တွေ့ရတယ်။ သူတို့နဲ့ တကယ့်အချိန်ကောင်းတွေ ကုန်ဆုံးရတယ်။ ဒါက ကျွန်တော့်အတွက် တကယ့်ကို ကြီးမားတဲ့အရာပါ။ အင်္ဂလန်ကို ချစ်တယ်။ ကျုပ်လည်း မျိုးချစ်တစ်ယောက်ပါ။ ဒါပေမယ့် ခရီးသစ်၊ စာမျက်နှာသစ်၊ ကွဲပြားတဲ့အရာပါ။ ဘဝကို ပြန်လည်လန်းဆန်းလာစေတယ်လို့ ထင်တယ်။ ဒူဘိုင်းမှာ သူတို့(မိသားစု)က အဖိုးတန်လာတယ်လို့ ခံစားလာရတယ်။ သူတို့ နေထိုင်တဲ့ ဘဝမှာ ပျော်နေကြတယ်။ ကလေးတွေအတွက် ကောင်းမွန်တဲ့ စွမ်းအင်နဲ့ တက်ကြွစေတယ်။ လူနေမှုဘဝစတိုင်၊ လုံခြုံရေး၊ ရာသီဥတု။ တကယ့်ကို ဘဝသစ်ပါ"လို့ ပြောကြားသွားပါတယ်။