ရာသီအကုန်တွင် ဘာစီလိုနာမှ ထွက်ခွာလာတော့မယ့် ဟန်ဆီဖလစ်
======================

ဟန်ဆီဖလစ်ဟာ ရာသီအကုန်တွင် ဘာစီလိုနာမှ ထွက်ခွာလာမယ်လို့ သူ့နည်းပြအဖွဲ့ဝင်များအား အသိပေးထားကြောင်း သိရပါတယ်။

ဟန်ဆီဖလစ်ဟာ ကစားသမားများရဲ့ အပြုအမူများအပေါ် အကြီးအကျယ် စိတ်ပျက်နေတဲ့အပြင် ဘုတ်အဖွဲ့ရဲ့ ထောက်ခံအားပေးမှုလည်း မရရှိမှုနှင့်အတူ ထွက်ခွာရန် စီစဉ်လာတာလည်း ဖြစ်ပါတယ်။

ABC ရဲ့ ဖော်ပြလာမှုအရ ဟန်ဆီဖလစ်ဟာ ရာသီအကုန်တွင် ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း သူ့ နည်းပြအဖွဲ့ဝင်ကို သီးသန့်အသိပေးထားကြောင်း သိရပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ အသင်းတွင် ကစဉ့်ကလျား ဖြစ်နေမှုများအပေါ်တွင် အကြီးအကျယ်စိတ်ပျက်နေတာလည်း ဖြစ်ပါတယ်။

ဟန်ဆီဖလစ်ဟာ ဘာစီလိနာသို့ သုံးနှစ်စီမံကိန်းဖြင့် ရောက်လာခဲ့တာ ဖြစ်ပြီး ကစားသမားများမှာ ပရော်ဖက်ရှင်နယ်မပီသခြင်း၊ စည်းလုံးခြင်း မရှိမှုတို့အပေါ်တွင် စိတ်ပျက်နေပါတယ်။

ဟန်ဆီဖလစ်ဟာ ဘာစီလိုနာတို့ ရလဒ်ကောင်း ရယူနေနိုင်သော်လည်း ကစားသမားများရဲ့ အာရုံစိုက်မှု အားနည်းမှု၊ တကိုယ်ကောင်းဆန်မှုများအပေါ်တွင် စိတ်ပျက်နေပါတယ်။

စည်းကမ်းကြီးတယ်လို့ နာမည်ကြီးတဲ့ ဂျာမနီနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဟာ ကစားသမားများမှာ အသင်းရဲ့ ရည်မှန်းချက်ထက် တကိုယ်တော် အောင်မြင်ရေးအပေါ်တွင်သာ အာရုံစိုက်မှုအပေါ် စိတ်ပျက်နေတာပါ။
သူဟာ ပြီးခဲ့တဲ့လများအတွင်းတွင် အသင်းကို ပြောင်းလဲရေးအတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်လာမှုနှင့် အတူ စိတ်ပျက်နေခဲ့တာပါ။

ဟန်ဆီဖလစ် စိတ်ပျက်ရတဲ့အကြောင်းရင်းများထဲတွင် အသက် ၁၈ နှစ်ရှိ လာမိန်းယာမဲလ်ရဲ့ အပြုအမူအနေအထိုင်လည်း ပါဝင်နေပါတယ်။ ကလပ်ဘက်က လာမိန်းယာမဲလ်အား ပြန်လည်အားပြည့်လာရေး လုပ်ငန်းစဉ်များကို မလုပ်စေဘဲ ခရီးထွက်ခွင့်ပေးနေမှုများအပေါ်တွင် ဖလစ် စိတ်ပျက်နေတာပါ။

လာမိန်းယာမဲလ်ဟာ ရီးရဲလ်မက်ဒရစ်အား ရှုံးနိမ့်ပြီးနောက် ကစားဖော်များနင့်အတူ ပြန်လာခြင်း မပြုဘဲ မီလန်သို့ ကြော်ငြာရိုက်ကူးရန် ခရီးထွက်ခဲ့ပါတယ်။

ဖလစ်ဟာ သူ့ စိတ်ပျက်နေတဲ့ အဖြစ်အပျက်များအား ကလပ်ဥက္ကဌလာပေါ်တာရဲ့ လူရင်းများဖြစ်ကြတဲ့ အလီဂျန်ဒရိုအီချီဗာရီရာနှင့် ဂါဘရီရယ်မာတီနက်ဇ်တို့အား အသိပေးခဲ့ပေမယ့် ၎င်းတို့က ပြဿနာများကို ဖြေရှင်းမယ့်အစား ၎င်းကိုသာ ဖြောင်းဖျနေမှုများအပေါ်တွင်လည်း စိတ်ပျက်နေပါတယ်။

ဖလစ်ဟာ အသင်းအတွက် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များအပေါ်တွင် စိတ်ပျက်ပေမယ့်လည်း ဥက္ကဌလာပေါ်တာ၊ အားကစားဒါရိုက်တာဒေကိုတို့နှင့်မူ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတုန်း ဖြစ်ပါတယ်။

image