ဧရာဝတီအက်ဖ်စီအသင်း နောက်တန်းကစားသမား ဇွန်ယုယဦးကို ISPE FC ကာလတို အငှားစာချုပ်ဖြင့်ခေါ်ယူ
ဧရာဝတီအက်ဖ်စီအသင်း နောက်တန်းကစားသမား ဇွန်ယုယဦးကို ISPE FCအသင်းက ကာလတို အငှားစာချုပ်ဖြင့်ခေါ်ယူထားရှိကြောင်း သိရသည်။
ဇွန်ယုယဦးကို အသင်းနည်းပြ ဒေါ်စန်းစန်းသိန်းက ခေါ်ယူခဲ့ခြင်းဖြစ်ပြီး၊ ISPE FC အမျိုးသမီးအသင်းအနေဖြင့် လာမည့် နိုဝင်ဘာ(၉)ရက်၌ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် တောင်ကိုရီးယားကလပ် ဆူဝမ်အသင်းဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
ISPE အသင်းသည် ပြိုင်ပွဲအတွက် ပြည်တွင်းကလပ်ရှိ ကစားသမားအချို့နှင့် လက်ရွေးစင်အသင်းမှ ကစားသမားအချို့ကိုလည်း ကာလတိုစာချုပ်ဖြင့်ခေါ်ယူထားသည်။