အကြမ်းဖက်အဖွဲ့များမီးရှို့ဖျ-က်ဆီးခဲ့သည့် ပလူဇဝ တံတားကြမ်းခင်းအားပြန်လည်ပြင်ဆင်ပြီးဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မော်လိုက်မြို့တို့ကိုဆက်သွယ်ထားသည့် ကလေး-မော်လိုက်သွားကားလမ်းမပေါ်ရှိ ပလူဇဝတံတားကြမ်းခင်းအား အကြမ်းဖက်အဖွဲ့မှ အောက်တိုဘာ ၃၀ ရက်က မီးရှို့ဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့ဝင်များသည် အရှည်(၃၀၀)ပေ၊ အ ကျယ်(၁၈)ပေရှိ သံကူကွန်ကရစ်အမျိုးစား ပလူဇဝ တံတားအားမီးရှို့ဖျ-က်ဆီးခဲ့ကြသဖြင့် တံတား၏ တောင်ဘက်ခြမ်းကြမ်းခင်း(၁၀)ပေခန့် မီးလေ-ာင်ပျ-က်စီးခဲ့ရာ ဒေသခံများဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များကပျ-က်စီးသွားသော ပလူဇဝ တံတားကြမ်းခင်းအားအမြန်ဆုံး ပြန်လည်ပြင်ဆင်ခဲ့ကြ၍ အောက်တိုဘာ ၃၁ ရက်တွင်ပြီးစီးခဲ့သဖြင့် ဒေသခံများနှင့် မော်တော်ယာဥ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

image