လူဝီဗီးလ်ကုန်တင်လေယာဉ်ပျ-က်ကျမှုမှ ဘလက်ဘောက်များ ပြန်ရှာတွေ့

အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ် လူဝီဗီးလ်မြို့အနီး အင်္ဂါနေ့က ပျက်ကျခဲ့သော ယူပီအက်စ် ကုန်တင်လေယာဉ်မှ ဘလက်ဘောက်များကို ပြန်ရှာတွေ့ခဲ့ပြီဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး လူ ၁၂ ဦး ‌ေ-သဆုံးခဲ့သော လေယာဉ်ပျ-က်ကျရသည့် အကြောင်းအရင်းကိုသိနိုင်ရန် စုံစမ်းစစ်ဆေးနေသူများအတွက် အဓိကကျသော အထောက်အထားများဖြစ်သည်။

လေယာဉ်၏ ဘယ်ဘက်အင်ဂျင်သည် ပျံသန်းနေစဉ်အတွင်း တောင်ပံမှ ပြုတ်ထွက်သွားခဲ့သည့် ဗီဒီယိုဖိုင်ကို စုံစမ်းစစ်ဆေးသူများက မြင်တွေ့ခဲ့ရပြီးဖြစ်ကြောင်း နိုင်ငံတော်သယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ဝင် တွဒ်အင်မန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ လေယာဉ်ပျ-က်ကျရာအနီးတွင် အင်ဂျင်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။

ဖြစ်စဉ်တွင် လူများစွာ ပျေ-ာက်ဆုံးနေသေးကြောင်း ဗုဒ္ဓဟူးနေ့ညပိုင်းက အ‌ေ-သအပျေ-ာက်စာရင်းကို ပြင်ဆင်ချက်တင်နေသည့် လူဝီဗီးလ်မြို့တော်ဝန် ကရက်ဂ် ဂရင်းဘာ့ဂ်က X ပေါ်တွင် ပြောဆိုခဲ့သည်။

ယူပီအက်စ်လေယာဉ်ခရီးစဉ်အမှတ် 2976 သည် လေဆိပ်မှ ပျံတက်နိုင်ပြီဖြစ်ကြောင်း အချက်ပြပြီး မကြာမီပင် လေယာဉ်ပေါ်တွင် မီးတောက်များကို မြင်တွေ့ရကြောင်း အင်မန်က ပြောကြားခဲ့သည်။ လေယာဉ်သည် မီးတောက်လေ-ာင်လျက်သားဖြင့် အနိမ့်ပျံနေခဲ့ပြီးနောက် ညနေ ၅း၁၄ နာရီခန့်တွင် ပျ-က်ကျသွားခဲ့ကာ မီးလုံးကြီးထွက်ပေါ်လာခဲ့သည်။ ဟာဝိုင်ယီသို့ ထွက်ခွာမည့် အဆိုပါလေယာဉ်ပေါ်တွင် လောင်စာဆီ ၃၈,၀၀၀ ဂါလံတင်ဆောင်ထားပြီး လေယာဉ်သည် စားသောက်ဆိုင်တစ်ဆိုင်ကို တို-က်မိလုနီးဖြစ်ခဲ့ပြီးနောက် ကားအပိုပစ္စည်းစက်ရုံနှင့် ရေနံပြန်လည်အသုံးပြုရေးစင်တာတစ်ခုကို ဝင်တို-က်ခဲ့ကြောင်း ကန်တပ်ကီပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီ ဘက်ရှီယားက ပြောကြားခဲ့သည်။

‌ေ-သဆုံးသူများ သညမ မည်သူမည်ဝါဆိုသည်ကို သတင်းမထုတ်ပြန်ရ‌ေသးပေ။ ပျ-က်ကျမှု၏ ပျ-က်စီးထိခို-က်မှုအခြေအနေအရ ‌ေ-သဆုံးသူများထဲမှ အချို့ကို ဖော်ထုတ်ရန် အချိန်ပိုယူရနိုင်ကြောင်း ဘက်ရှီးယားက ဗုဒ္ဓဟူးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘက်ရှီးယားက ပြောကြားခဲ့သည်။

image