ဂယ်ရီအိုနေးနှုတ်ထွက်သွားတာကြောင့် ဝုဗ်နည်းပြဖြစ်လာဖို့ တန်ဟတ်ရေပန်းအစားဆုံးဖြစ်လာ
========

ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေတဲ့ ဝုဗ်အသင်းဟာ နည်းပြပေါ်လိုဖာရဲရားကို ထုတ်ပယ်ပြီးနောက် နည်းပြအသစ်တစ်ယောက် အပူတပြင်းရှာဖွေနေပြီး နည်းပြဟောင်း ဂယ်ရီအိုနေးလ်နဲ့ မန်ယူနည်းပြဟောင်း အဲရစ်တန်ဟတ်တို့ကို တစ်ပြိုင်နက်ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။

အဲရစ်တန်ဟတ်နဲ့ဆွေးနွေးမှုတွေမှာတော့ အပေါင်းလက္ခဏာဆောင်နေပေမယ့်၊ ဂယ်ရီအိုနေးကတော့ ရုတ်တရက်ပြန်လာဖို့ မသင့်တော်ဘူးဆိုတာကြောင့် ဝုဗ်တို့ တန်ဟတ်ကိုပဲ ခန့်အပ်ဖို့ဆုံးဖြတ်ထားပါပြီ။

တန်ဟတ်နဲ့အဆင်မပြေရင် အခြားရွေးချယ်စရာတွေကိုလည်း ဆက်သွယ်နေသေးပေမယ့် ဝုဗ်တို့အတွက်တန်ဟတ်ကသာ ပထမဦးစားပေးဖြစ်ပါတယ်။

image