အွန်လိုင်းကာစီနိုမြှင့်တင်မှုဖြင့် Miss Universe အဖွဲ့အား ထိုင်းရဲများ စီးနင်းရှာဖွေ၊ MGI စီအီးအိုက ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆို

ထိုင်းရဲတပ်ဖွဲ့သည် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် Miss Universe ၂၀၂၅ ပြိုင်ပွဲ၏ အငြင်းပွားဖွယ်ရာမြှင့်တင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းမြှင့်တင်မှုတွင် ပြိုင်ပွဲဝင်များက ၎င်းတို့ တည်းခိုရာနေရာ၌ အွန်လိုင်းကာစီနိုများအား ထောက်ခံမြှင့်တင်သည့် ရုပ်သံများ ရို-က်ကူးခဲ့သည်ဟု စွပ်စွဲခံရပြီး ၎င်းလုပ်ရပ်သည် ထိုင်းဥပဒေအရ တရားမဝင်သော ကိစ္စ ဖြစ်ကာ၊ အိမ်ရှင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို သိသာထင်ရှားစွာ ထိခို-က်ပျ-က်စီးစေသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် Miss Grand International Plc (MGI) ၏ စီအီးအိုနှင့် (၇၄) ကြိမ်မြောက် Miss Universe Thailand Host Committee ၏ ဥက္ကဋ္ဌ ဖြစ်သူ Nawat Itsaragrisil အား တနင်္လာနေ့တွင် ဝပ်ဖယားခရိုင် (Wat Phaya Krai) ရဲစခန်းသို့ သက်သေထွက်ဆိုရန် ခေါ်ယူခဲ့ရာ၊ သူက Miss Grand International အနေဖြင့် အွန်လိုင်းကာစီနိုမြှင့်တင်မှုတွင် လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုအပြီးတွင် (၇၄) ကြိမ်မြောက် Miss Universe Thailand Host Committee က မိမိတို့အနေဖြင့် ၎င်းလုပ်ငန်းများ သို့မဟုတ် အွန်လိုင်းကာစီနိုနှင့် သက်ဆိုင်သော မည်သည့်ကြော်ငြာပုံစံမျိုးတွင်မှ ကုမ္ပဏီအနေဖြင့် လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

image