မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာ သင်္ကန်းတော်(၁၅)ထည်ဆက်ကပ်လှူဒါန်း
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာ သင်္ကန်းတော်(၁၅)ထည်ဆက်ကပ်လှူဒါန်းခြင်းအား ယ နေ့ နိုဝင်ဘာ ၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့)နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက် ၍ ဆက်ကပ်လှူဒါန်းခဲ့သည်။
မသိုးရွှေကြာသင်္ကန်းတော်(၁၅)ထည်ကို ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်သို့ပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပြီး ရွှေကြာကလပ်တော်ပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။
ထို့နောက် ယာယီသမ္မတ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်ကိုယ်စားပြု ရက်ကန်းအဖွဲ့(၁၅)ဖွဲ့မှ ရက် လုပ်ထားသည့် မသိုးရွှေကြာသင်္ကန်းတော်(၁၅)ထည်ကို ဆက်ကပ်လှူဒါန်းပြီး ဥပါသကာများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်လက် ၍ဆက်ကပ်ပူဇော်ခဲ့ကြသည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလအခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ညနေပိုင်းတွင် သ င်္ကန်းတော်များကိုစတင်ရက်လုပ်၍ လပြည့်နေ့အရုဏ်မတက်မီအချိန်အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်းဖြစ်သည်။