အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော်နိုင်ဟု မိုး/ဇလ ထုတ်ပြန်
အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် (၆) နာရီအတွင်း မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းကြောင်း မိုး/ဇလက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက် စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ယမန်နေ့ နိုဝင်ဘာ (၄)ရက်ကမြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာကာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်း ရိုးတန်းဒေသများသို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသေးသည်။