မန္တလေး-လားရှိုးပြည်ထောင်စုလမ်းတလျှောက် မိုးရွာသွန်းနေခြင်းကြောင့် သတိပြုမောင်းနှင်ရန် နှိုးဆော်ထား
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး- လား ရှိုးပြည်ထောင်စုလမ်းတလျှောက် ယနေ့နိုဝင်ဘာ (၅)ရက် နံနက်ပိုင်းမှစတင်၍ မိုးရွာသွန်းနေခြင်းကြောင့် ခရီးသွားယာဉ်များသတိပြုမောင်းနှင်ကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
"မိုးရွာနေတော့ လမ်းပေါ်စလစ်ဖြစ်နိုင်တာကြောင့် ယာဉ်မောင်းအချင်းချင်းသတိပေးတာတွေတော့ အပြန်အလှန်လုပ်ကြရတာပါ။ ဒီ မနက်မိုးက ရေအတော်ပါတယ်။ လမ်းအတက်အဆင်းတွေ အကွေ့တွေမှာ သတိထားကြဖို့ပေါ့။"ဟု ဒေသတဖါင်းသွားလာနေသည့် ယာဉ်မောင်းတဦးကပြောသည်။
မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးကို အောက်တိုဘာ(၁၈)ရက်မှစ၍ သွားလာခွင့်ပြုလိုက်ခြင်းဖြစ်ပြီး၊အောက် တိုဘာ (၁၇)ရက်က တပ်မတော်စစ်ကြောင်းများ သီပေါမြို့ကို ဝင်ရောက်ထိန်းချုပ်ထားနိုင်ပြီးနောက် ယင်းသို့ လမ်းပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။