ကမ္ဘာ့ရွှေဈေးကျဆင်းလာပြီး မြန်မာ့ရွှေဈေးပြန်ကျလာနိုင်ဟုဆို

နိုဝင်ဘာလဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေးသည် တစ်ရှိန်ထိုးကျဆင်းလာပြီး ပြည်တွင်းရွှေဈေးသည်လည်း ပြန်ကျလာနိုင်ကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာလ (၃၀) ရက်တွင် တစ်အောင်စကို ၄၀၄၀.၃၅ ဒေါ်လာရှိရာမှ နိုဝင်ဘာလ(၅)ရက်တွင် တစ်အောင်စကို ၃၉၃၈.၆၂ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည်လည်း တစ်ကျပ်သား (၈၅) သိန်းကျော်အထိမြင့်တက်လာပြီး ယခုအခါ သိန်း (၈၃) သိန်းသာရှိတော့ကြောင်း သိရသည်။

ထို့ပြင် ဈေးကွက်အတွင်းရောင်းချရမည့် ရည်ညွှန်းဈေး တစ်ကျပ်သားကို (၅၉) သိန်း (၇) သောင်းဖြင့်ရောင်းချရန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထားကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးတက်သော်လည်း အရောင်းအဝယ်မှာအေးနေပြီး အရောင်းပိုများကြောင်း သိရသည်။

image