ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ဝင်ဘာလေကွင်းမှာ အသုံးပြုခွင့်ရလာဖို့ မရှိတဲ့ ပူးတွဲအိမ်ရှင် အင်္ဂလန်
=====================

ပူးတွဲအိမ်ရှင် အင်္ဂလန်ဟာ ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ဝင်ဘာလေကွင်းကို အသုံးပြုခွင့်ရလာဖို့ မရှိပါဘူး။

အင်္ဂလန်အသင်းဟာ ပူးတွဲအိမ်ရှင်ဖြစ်ပေမယ့်လည်း ခြေစစ်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ခြေစစ်ပွဲအောင်မြင်လာပါက အုပ်စုပွဲ ၃ ပွဲများကို မန်စီးတီးရဲ့ အီတီဟတ်ကွင်း၊ စပါးစ်ရဲ့ တော်တင်ဟမ်ဟော့စပါးစ်ကွင်း၊ ဗီလာရဲ့ ဗီလာပါ့ခ်၊ အဲဗာတန်ရဲ့ ဟေးလ်ဒစ်ကင်ဆင်ကွင်း၊ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်တို့မှာ ကစားရပါမယ်။

ဒါ့အပြင် ဝင်ဘာလေကွင်းတွင် ယူရို ၂၀၂၈ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို လက်ခံကစားလာမှာ မဟုတ်လို့ အင်္ဂလန်အနေဖြင့် ရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်း ယင်းကွင်းတွင် ကစားခွင့်ရလာမှာ မဟုတ်ပါဘူး။

အင်္ဂလန်ဟာ ယူရို ၂၀၂၈ ပြိုင်ပွဲကို စကော့တလန်၊ ဝေးလ်၊ အိုင်ယာလန်တို့နှင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက The Times ရဲ့ ဖော်ပြလာမှုအရ ယူရို ၂၀၂၈ အဖွင့်ပွဲကို ကာဒစ်ဖ်ရဲ့ Principality Stadium တွင် ကစားလာမယ့်လို့ သိရပါတယ်။

ယူရို ၂၀၂၈ ပွဲပြက္ခဒိန်အပြည့်အစုံကို လာမယ့်နိုဝင်ဘာလ ၁၂ ရက်နေ့ လန်ဒန်တွင် ကျင်းပမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲ တရားဝင်မိတ်ဆက်ပွဲတွင် ရေးဆွဲလာပါမယ်။

အင်္ဂလန်နှင့် ယူအီးအက်ဖ်အေက လက်ရှိအချိန်တွင် ပွဲပြက္ခဒိန်နှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောကြားရန် ငြင်းဆိုထားကြပါတယ်။

အင်္ဂလန်ဟာ ယူရို ၉၆ တုန်းက ဆီမီးဖိုင်နယ်သို့အထိ တက်စဉ်တုန်းက ပွဲအားလုံးကို ဝင်ဘာလေကွင်းမှာ ကစားခဲ့ပါတယ်။
၎င်းတို့ဟာ ယူရို ၂၀၂၀ လက်ခံကျင်းပတုန်းကမူ နိုင်ငံတလွှား ကွင်းများတွင် ကစားခဲ့ပြီး ယူကရိန်းကို အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲတွင်မူ ဝင်ဘာလေကွင်းမှာ ကစားခဲ့ပါတယ်။

အင်္ဂလန်ဟာ ပူးတွဲအိမ်ရှင်များဖြစ်တဲ့ စကော့တလန်၊ ဝေးလ်၊ အိုင်ယာလန်တို့နှင့်အတူ ခြေစစ်ပွဲဝင်ရမှာ ဖြစ်ပေမယ့် ခြေစစ်ပွဲ မအောင်မြင်တဲ့ အသင်း ၂ သင်းက အိမ်ရှင်အခွင့်အရေးအဖြစ် ဝင်ခွင့် ရရှိလာပါမယ်။

ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ဒဗ္ဗလင်ရှိ Aviva Stadium နှင့် ဂလက်စကိုရှိ Hampden Park ကွင်းတို့မှာလည်း ကစားလာပါမယ်။

image