နိုဗိုစီဗစ်ဒေသမှ “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား”အ မည်ရှိ ပဒေသာကပွဲကို နေပြည်တော်၌ဖျော်ဖြေကပြ
နိုဗိုစီဗစ်နှင့် မြန်မာကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကိုပိုမိုမြှင့်တင်သွားမည်ဟု ယာယီသမ္မတပြောကြား
ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသမှ နိုဗိုစီဗစ် “Chaldony” State Song and Dance Ensemble အဖွဲ့မှ “မဟာရု ရှားနှင့် ဆိုက်ဘေးရီးယား”အမည်ရှိ ပဒေသာကပွဲကို ယနေ့ နိုဝင်ဘာ ၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။
အဆိုပါ ကပြဖျော်ဖြေမှုကို နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ခဲ့ကြပြီး ယာယီသမ္မတမှ ကာကွယ်ရေး၊ ပ ညာရေး၊ သိပ္ပံ၊ နည်းပညာ၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု အပါအဝင်နယ်ပယ်များစွာ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်အခြေခံပြီး မိမိတို့နှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာကြာရှည်ခိုင် မာသည့် ဆက်ဆံရေးကိုတည်ဆောက်ထားပြီးဖြစ်၍ နိုဗိုစီဗစ်နှင့် မြန်မာကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကိုပိုမိုမြှင့်တင်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ဖျော်ဖြေပွဲမှတစ်ဆင့် နိုဗိုစီဗစ်ဒေသ၏ အ နုပညာရသနှင့် ဆိုက်ဘေးရီးယန်းအနုပညာများကို မြန် မာနိုင်ငံသားများ ကြည့်ရှုခံစားနိုင်ရုံသာမက နှစ်နိုင်ငံပြည်သူများအချင်းချင်းကြား ခိုင်မြဲသည့်ချစ်ကြည်ရင်းနှီးမှုကို ထပ်လောင်းအတည်ပြုနိုင်မည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ဖျော်ဖြေပွဲသည် ယဉ်ကျေးမှုဖလှယ်ရေး၊ ဖျော်ဖြေရေးသက်သက်သာမဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံကြား နွေးထွေးရင်းနှီးသည့်ဆက်ဆံရေးကိုများစွာအထောက်အကူဖြစ်စေမည်ကိုယုံကြည်ကာ ရှေ့ဆက် ၍ မိမိတို့ဒေသများကြားဆက်လက်ပူးပေါင်းဆောင် ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် စိတ်အားထက် သန်မှုများကို ထပ်လောင်းအားဖြည့်နိုင်ပါစေ၊ မြန်မာနှင့် နိုဗိုစီဗစ်ဒေသတို့ကြား ကောင်းမွန်ခိုင်မာပြီး နောင်မျိုးဆက်သစ်များစွာတိုင် ဆက်လက်ရှင်သန်ထွန်းကားပါစေရန် ဆုမွန်ကောင်းတောင်းသည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးမှလည်း နှုတ် ခွန်းဆက်စကားပြန်လည်ပြောကြားပြီးနောက် ယာယီသမ္မတနှင့် ဇနီး၊ တက်ရောက်လာကြသူများက နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန် ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဖျော်ဖြေတင်ဆက်မှုအပြီး၌ နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက ယာယီသမ္မတနှင့် ဇနီးတို့ထံ ဧည့်ဝတ်ကျေပွန်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကိုကျေးဇူးတင်ပြီး နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့ကို မျှဝေလိုသည့်အနေဖြင့် ရုရှားရိုးရာဓ လေ့ထုံးတမ်းစဉ်လာဖြစ်သည့် ပေါင်မုန့်နှင့် ဆားတို့ကိုယူဆောင်၍ တည်ခင်းဧည့်ခံဂါရဝပြုခဲ့ကြကာ ယာယီသမ္မတနှင့် ဇနီးတို့မှလည်း နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းများပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် Chaldony State Song and Dance Ensemble a အနုပညာရှင်များက မြန်မာနိုင်ငံတော်အတွက်အထူးဖန်တီးထားသည့် “လတ်တီး” သီချင်းဖြင့်လည်းဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။