ကွင်းအတွင်း မေ့လဲကျပြီးနောက် ဥရောပထိပ်တန်းလိဂ်နည်းပြ သေဆုံး
=====================
ဥရောပထိပ်တန်းလိဂ်ကလပ်နည်းပြတစ်ဦးဖြစ်တဲ့ မလာဒန်ဇီဇိုဗစ်ဟာ ကွင်းအတွင်း မေ့လဲကျပြီးနောက် သေဆုံးသွားခဲ့ပါတယ်။
အသက် ၄၄ နှစ်ရှိ ဘော့စနီးယားနည်းပြဟာ တနင်္ဂနွေနေ့ညတုန်းက Mladost နှင့် ရင်ဆိုင်ကစားရတဲ့ Radnicki 1923 ရဲ့ ဆားဘီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲချိန် ၂၂ မိနစ်မှာ မေ့လဲကျခဲ့ပါတယ်။
ဆေးအဖွဲ့ဝင်များက ချက်ချင်းပင် ဇီဇိုဗစ်အား အရေးပေါ် ဆေးကုသမှုများ ပြုလုပ်ကာ ဆေးရုံသို့ ပို့ခဲ့ကြပေမယ့် အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး။
ဇီဇိုဗစ် ကွင်းအတွင်း မေ့လဲကျပြီးနောက် ဒိုင်လူကြီးက ပွဲကို ရပ်ဆိုင်းခဲ့ပေမယ့် ဆေးရုံသို့ ခေါ်ဆောင်သွားချိန်မှာ ပွဲကို ပြန်လည်စတင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဇီဇိုဗစ်ကို ဆေးရုံသိ့ ခေါ်ဆောင်သွားပြီး မိနစ် ၂၀ အကြာမှာတော့ သေဆုံးသွားခဲ့ပါတယ်။
နှစ်ဖက်အသင်းမှ ကစားသမားများနှင့် နည်းပြများဟာ ကွင်းအတွင်း မျက်ရည်ကျခဲ့ကြရပြီး ပွဲကိုလည်း လုံးဝ ရပ်ဆိုင်းလိုက်ပါတယ်။
ဘော့စနီးယားလက်ရွေးစင်ဟောင်းဇီဇိုဗစ်ဟာ အောက်တိုဘာလ ၂၃ ရက်နေ့တုန်းကမှ Radnicki 1923 နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး တတိယမြောက်ပွဲ ကိုင်တွယ်ချိန်တွင် ယခုကဲ့သို့ ကြေကွဲစရာ အဖြစ်အပျက် ကြုံလာရတာပါ။