ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ရုရှားနိုင်ငံ နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှုး နှင့် တွေ့ဆုံ

နှစ်ဖက် ဆေးရုံများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့် ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆွေးနွေး
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E Mr.Andrei Travnikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲနှင့် ယမန်နေ့ ကတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုဗိုစီဗစ်ဒေသတို့အကြား ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်ဦးနှစ်ဖက်ဆေးရုံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုပြင် ဆရာဝန်များ၊သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်အတွေ့အကြုံဖလှယ်ခြင်းလုပ်ငန်းများအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး အဆိုပြုကိစ္စရပ်များ ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရန်အတွက် နှစ်နိုင်ငံအပြန်အလှန် ဆေးဘက်ဆိုင်ရာဆရာဝန်များ အထူးကုဆရာဝန်များ၏ ဆေးကုသမှုလိုင်စင်များ အပြန်အလှန်အသိမှတ်ပြုနိုင်ရေးကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ညွှန်ကြားရေးမှုးချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ရုရှားသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image