ကိုရီးယား အလုပ်အကိုင်အတွက် စာမေးပွဲအောင်မြင်သူ (၇ ၀၀)နီးပါးရှိ
ကိုရီးယား အလုပ်အကိုင်အတွက် Special EPS-TOPIK စာမေးပွဲ၌ စာမေးပွဲအောင်မြင်သူ (၇၀၀) နီးပါးရှိကြောင်း သိရသည်။
ဝင်ရောက်ဖြေဆိုသူ (၇၇၀) ဦးရှိသည့် အနက် (၆၈၈) ဦးအောင်မြင်ခဲ့ကာ ကျရူံးသူ (၈၂) ဦးသာ ရှိခဲ့ခြင်း ဖြစ်သည်။
Special EPS-TOPIK စာမေးပွဲသည် တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်သမားများကိုနောက်တကြိမ် သွားရောက်လုပ်ကိုင်နိုင်ရန် ပြုလုပ်ပေးသည့် စာမေးပွဲလည်း ဖြစ်သည်။
Special EPS-TOPIK စာမေးပွဲကို အောက်တိုဘာ (၂၂)မှ (၂၄) ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်သူများ၏ အလုပ်လျှောက်လွှာတင်ရမည့်ရက်ကို ထပ်မံကြေညာပေးမည် ဖြစ်ကြောင်းလည်း သိရသည်။