ယူနိုက်တက်ပရိသတ်များရဲ့ ကျေးဇူးကြောင့် ယူနိုက်တက်စီအီးအိုဟောင်းရဲ့ နေအိမ်ကို လျှော့ဈေးဖြင့် အချောင်နှိုက်နိုင်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း


လီဗာပူးစတားဟောင်းဖေဘီယိုဘိုရီနီဟာ ပရိသတ်များရဲ့ ဆန္ဒပြမှုကြောင့် ယူနိုက်တက်စီအီးအိုဟောင်းအက်ဝုဒ်ဝတ်ရဲ့ နေအိမ်ကို ပုံမှန်ထက် လျှော့တဲ့ ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိ အီတလီတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ ချဲလ်ဆီး၊ လီဗာပူးနှင့် ဆန်းဒါးလန်းတို့တွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူဟာ လီဗာပူးအတွက် ၃ ဂိုးသွင်းခဲ့သလို ဆန်းဒါးလန်းအတွက် ၁၇ ဂိုးသွင်းခဲ့သူ ဖြစ်ပြီး အီတလီကလပ်များဖြစ်ကြတဲ့ အေစီမီလန်၊ ဗီရိုနာ၊ ဆမ်ဒိုးရီးယားတို့တွင်လည်း ကျင်လည်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်တွင် သူဟာ ယူနိုက်တက်ဂန္ထဝင်ကစားသမားများပိုင်ဆိုင်တဲ့ လိဂ် ၂ ကလပ် ဆဲလ်ဖို့ဒ်စီးတီးမှာ ကစားနေပါတယ်။
သူဟာ ဗြိတိန်သို့ တကျော့ပြန်ရောက်လာခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့လေးနှစ်တုန်းက ယူနိက်တက်စီအီးအိုဟောင်းအက်ဝုဒ်ဝတ်ထံမှ ပေါင် ၂ သန်း‌ဖြင့် ဝယ်ယူထားတဲ့ နေအိမ်ကြောင့် ချက်ချင်းဆိုသလိုပဲ အခြေတကျ နေထိုင်နိုင်ပါတယ်။

ဘိုရီနီဟာ ၂၀၂၀ ခုနှစ်တုန်းက ပရိသတ်များရဲ့ ဆန္ဒပြမှုခံခဲ့ရမှုရဲ့အကျိုးဆက်အဖြစ် အက်ဝုဒ်ဝတ်ရဲ့ နေအိမ်ကို လျှော့ဈေးဖြင့် ဝယ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက ယူနိုက်တက်ပရိသတ်များဟာ အက်ဝုဒ်ဝတ်ရဲ့ အသင်းကို ဦးဆောင်နေပုံအား သဘောမကျမှုနှင့်အတူ နေအိမ်ကို မီးခိုးဗုံး၊ မီးရှူးများဖြင့် ပစ်လွှတ်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ယူနိုက်တက်ပရိသတ်များဟာ ခြံဂိတ်တွင်လည်း အနီရောင်ဆေးဗူးဖြင့် စာများရေးကာ ဆန္ဒပြခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းသို့ အခြေအနေကြောင့် အက်ဝုဒ်ဝတ်ဟာ ယင်းနေအိမ်ကို လျှော့ဈေးဖြင့် အလျှင်စလိုပင် ရောင်းချမှု ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဘိုရီနီက "လွန်ခဲ့တဲ့လေးနှစ်တုန်းက ဒီအိမ်ကို ဝယ်ခဲ့တာ။ ယူနိုက်တက်စီအီးအိုဆီကပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက ဆန္ဒပြခံနေခဲ့ရတယ်။ လူတိုင်း စိုးရိမ်နေခဲ့ကြတယ်။ ဒီတော့ ကျုပ်က မပူနဲ့ ကျုပ်ဝယ်မယ်၊ ဈေးတော့ လျှော့ပေးရမယ်လို့ ပြောခဲ့တယ်"လို့ The Times သို့ ပြောကြားသွားခဲ့ပါတယ်။

အက်ဝုဒ်ဝတ်ရဲ့ ဇနီးသည်အစ္စဘယ်လီနှင့် အမြွှာသမီးနှစ်ဦးတို့ဟာ ယူနိုက်တက်ပရိသတ်များရဲ့ ဆန္ဒပြချိန်တွင် နေအိမ်တွင် မရှိကြပါဘူး။

ယခုအခါ အသက် ၅၃ နှစ်ရှိ အက်ဝုဒ်ဝတ်ဟာ ၂၀၂၁ ခုနှစ်တင် ယူနိုက်တက်စီအီးအိုရာထူးမှ ထွက်ခွာခဲ့ရပြီး လက်ရှိအချိန်တွင် AI အားကစားကုမ္ပဏီ Sentient Sports and Bloomsbury Football တွင် တာဝန်ထမ်းဆောင်နေပါတယ်။
ဒါ့အပြင် ဘိုရီနီက ဘောလုံးသာ ဆက်ကစားနေလိုခြင်းနှင့်အတူ လိဂ် ၂ ကလပ်ဖြစ်တဲ့ ဆဲလ်ဖို့ဒ်သို့ ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
ဘိုရီနီဟာ တူရကီကလပ် Fatih Karagumruk တွင် ကစားစဉ်တုန်းက ခြေစွမ်းပြနိုင်မှုနှင့်အတူ အီတလီအသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရပြီး ၁ ပွဲကစားခွင့်ရခဲ့ပါတယ်။
သူဟာ ၂၀၂၂-၂၃ ရာသီတုန်းက Fatih Karagumruk အတွက် ၁၉ ဂိုးအထိ သွင်းနိုင်ခဲ့ကာ အကောင်းဆုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

image