7 ပတ် - ဘာသာပြန်ပါ။

ဒဏ်ရာကြောင့် ဖာဂူဆန် ၂ ပတ်နားရမည်ဖြစ်

ပါးမားအသင်းနဲ့ပွဲမှာရခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တိုက်စစ်မှူး ဖာဂူဆန်ဟာ ၂ ပတ်လောက်နားရမှာ ဖြစ်တယ်လို့ ရိုးမားအသင်း သတင်းထုတ်ပြန်ပါတယ်။ ပါးမားအသင်းနဲ့ပွဲမှာ ဖာဂူဆန်က အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပြန်လည်ပါဝင်လာပေမယ့် ပွဲအစ ၇ မိနစ်မှာပဲ ဒဏ်ရာရခဲ့လို့ ဘိုင်းလီနဲ့ လူစားလဲလိုက်ရတာ ဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့ ညာဘက်ခြေကျင်းဝတ် အရွတ်မှာ ဒဏ်ရာအနည်းငယ်ရခဲ့တာဖြစ်ပြီး အနည်းဆုံး ၂ ပတ်လောက် အနားယူရမှာဖြစ်တယ်လို့ ရိုးမားအသင်း ကြေညာချက်မှာ ရေးထားပါတယ်။ အသက် ၂၁ နှစ် အရွယ် အိုင်ယာလန်တိုက်စစ်မှူး ဖာဂူဆန်ဟာ အခုနွေရာသီမှာ ဘရိုက်တန်အသင်းကနေ ရိုးမားအသင်းကို တစ်ရာသီ အငှားနဲ့ ရောက်နေတာဖြစ်ပြီး ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားပေးထားရာမှာ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားတာဖြစ်ပါတယ်။

အခုလို ရုန်းကန်နေရတဲ့အတွက် ရာသီကုန်ရင် အပြီးသတ်ခေါ်ယူဖို့ အချက်ပါဝင် ပေမယ့် ရိုးမားအသင်းဟာ ဖာဂူဆန်ကို အပြီးသတ်ခေါ်ယူမှာ မဟုတ်ဘဲ ဘရိုက်တန်အသင်းဆီကို ပြန်လည် စေလွှတ်မှာဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေပါတယ်။ ဒီလိုအချိန်မှာ ဖာဂူဆန် ဒဏ်ရာကြောင့် နားရမှာက ကစားသမားအတွက် စိတ်ပျက်စရာဖြစ်ခဲ့သလို အသင်းသစ်မှာ အထိုင်ကျဖို့အတွက် အခုထက်ပိုပြီး ရုန်းကန်ရတော့မှာလည်းဖြစ်ပါတယ်။

image