7 ပတ် - ဘာသာပြန်ပါ။

ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် အပါအဝင် ၂ ဦးကို ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီးအရေးယူ

ဒါရိုက်တာ သက်လွင် (ခေါ်) ဇမ္ဗူထွန်းသက်လွင် နဲ့ အောင်ချမ်းလူ (ခေါ်) အေးချမ်းအောင် တို့ကို ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီး အရေး ယူခဲ့တယ် လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန် ပါတယ်။

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ရွေးကောက်ပွဲ အသိပညာပေးဇာတ်လမ်း နဲ့ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေကို လူမှုကွန်ရက်ကတစ်ဆင့် မဟုတ်မမှန် ဝေဖန်ရေးသားချက်တွေအပေါ် ထောက်ခံခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းမိသူနှစ်ယောက်ဟာ ခေတ်သစ်မီဒီယာအပါအဝင် မီဒီယာအမည်ခံ ပြည်ပဩဇာခံအဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြချက်တွေကိုလည်း အစဉ်တစိုက် ထောက်ခံအား ပေးခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့ ဒါရိုက်တာ သက်လွင် (ခေါ်) ဇမ္ဗူထွန်းသက်လွင် နဲ့ အောင်ချမ်းလူ (ခေါ်) အေးချမ်းအောင်တို့ နှစ်ယောက် ကို ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေး ဥပဒေ အပါအဝင် ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ပါ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တွေကို နှောင့်ယှက်ဟန့်တားလိုသူတွေကို မိဘပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

imageimage