အမေရိကန်အစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုရပ်ဆိုင်းခဲ့ပြီးနောက် သတင်းထုတ်လုပ်မှုများကို ရပ်တန့်တော့မည်ဟု RFA ပြောကြား

အမေရိကန်အစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုရပ်ဆိုင်းခဲ့ပြီးနောက် သတင်းထုတ်လုပ်မှုများကို ရပ်တန့်တော့မည်ဟု RFA သတင်းဌာနက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

မတ်လအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သည် အမေရိကန်အစိုးရက ရန်ပုံငွေပေးထားသည့် မီဒီယာများအတွက် ငွေကြေးအများစုကို လျှော့ချဖြတ်တောက်ခဲ့ပြီးကတည်းက RFA သည် ဝန်ထမ်း ၉၀ ရာခိုင်နှုန်းကျော်ကို အလုပ်ဖြုတ်ခြင်း သို့မဟုတ် ခွင့်ပေးခြင်း၊ သတင်းထုတ်လုပ်မှုများကို လျှော့ချခြင်းတို့ ပြုလုပ်ခဲ့သည်။

ထရန့်၏ ရန်ပုံငွေလျှော့ချဖြတ်တောက်မှုများကို တရားရုံးများက ဟန့်တားနိုင်ခဲ့သော်လည်း လက်ရှိတွင်အမေရိကန်ဖက်ဒရယ်အစိုးရယန္တရားရပ်ဆိုင်းနေသဖြင့် RFA သည် ရန်ပုံငွေများကို ရရှိခြင်းမရှိပေ။

အမေရိကန်တွင် လွှတ်တော်က ဘတ်ဂျက်ကို အတည်ပြုနိုင်ခြင်းမရှိသဖြင့် အစိုးရအဖွဲ့ယန္တရားရပ်ဆိုင်းနေသည်မှာ တစ်လနီးပါး ကြာမြင့်ပြီဖြစ်သည်။

image