ပြင်ဦးလွင်၌ လျှပ်စစ်ဝန်ထမ်း ဓာတ်လိုက်ခံရ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)မှာ အောက်တိုဘာ ၃၁ ရက်၊ နေ့လယ်ပိုင်းက လျှပ်စစ် ဝန်ထမ်းတစ်ယောက် ဓာတ်တိုင်ပေါ်မှာ ဓာတ်လိုက်ပြီး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ် ပြန်ပါတယ်။
အဲဒီလျှပ်စစ်ဝန်ထမ်းဟာ ဓာတ်တိုင်ပေါ်တက်ပြီး ဓာတ်ကြိုးတွေကို ပြုပြင်ရာမှာ ခြေထောက်တစ်ဖက် ဓာတ် လိုက်ပြီး မီးလောင်နေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်နေရာကို ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဓာတ်လိုက်ခံရသူကို ကယ်ဆယ် နိုင်ခဲ့ပါတယ်။ ဓာတ်လိုက်ခံရတဲ့ လျှပ်စစ်ဝန်ထမ်းဟာ အသက်အန္တရာယ် ထိခိုက်မှုမရှိဘဲ ပြင်ဦးလွင် လူမှု ကူညီရေး အသင်းယာဉ်နဲ့ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။