4 ရက် - ဘာသာပြန်ပါ။

သားကသေ၊ သမီးက ကင်ဆာဖြစ်နေတယ်ဆိုပြီး အင်တာနက်မှာ မှားယွင်း Troll ခံရပြီးနောက် ရှေ့နေတွေနဲ့ တိုင်ပင်လာတဲ့ ဖီးလ်ဖိုဒန်
=======================

အင်္ဂလန်နှင့် မန်စီးတီးစတားဖီးလ်ဖိုဒန်ဟာ အင်တာနက်တွင် သားက သေ၊ သမီးက ကင်ဆာဖြစ်နေတယ်ဆိုပြီး မှားယွင်း Troll ခံရပြီးနောက် ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးလာပါတယ်။

ကလေးသုံးယောက်အဖေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ဇာတ်လမ်းအမှား၊ ဓာတ်ပုံအမှားများဖြင့် ဖြန့်ဝေခြင်းခံရမှုများအား တိုက်ဖျက်ရန်အတွက် စစ်တပ်ဥပေဒေရေးရာကျွမ်းကျင်သူများနှင့် ဆွေးနွေးလာခဲ့တာလည်း ဖြစ်ပါတယ်။
မန်စီးတီးအလယ်တန်းကစားသမားရဲ့ ချစ်သူ အသက် ၂၄ နှစ်ရှိ ရီဘက်ကာကော့ခ်ကိုယ်တိုင် အွန်လိုင်းတွင် သတင်းမှားများ ပြန့်နှံလာမှုအပေါ် ကိုယ်တိုင်ထွက်ပြီး ဝေဖန်မှု ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပထမဆုံးသတင်းမှား ထွက်ပေါ်လာတာကတော့ ဖီးလ်ဖိုဒန်ရဲ့သားကြီး အသက် ၆ နှစ်အရွယ် ရွန်နီ သေပြီဆိုပြီး ဖြန့်ဝေခံရတာပါ။

ယင်းနောက် Man City Fan Lover ဆိုတဲ့ စာမျက်နှာက ဖီးလ်ဖိုဒန်ရဲ့ အသက် ၄ နှစ် အရွယ် သမီးငယ် ထရုမှာ ကင်ဆာရောဂါဝေဒနာခံစားနေရတယ်ဆိုပြီး သတင်းမှားများ ထပ်ဖြန့်လာပါတယ်။

ယင်းသတင်းမှားများတွင် ဖီးလ်နှင့် ရီဘာကာတို့ ငိုယိုနေတဲ့ AI ဓာတ်ပုံတုများကို အသုံးပြုထားပါတယ်။

ဒါ့အပြင် သတင်းမှား ဖြန့်ဝေသူများဟာ ဖီးလ်ဖိုဒန်ရဲ့သတင်းအား Google Search တွင် ရှာဖွေတွေ့ရှိအောင်လည်း လုပ်ဆောင်ထားပါသေးတယ်။

image