4 ရက် - ဘာသာပြန်ပါ။

မိုင်းခွဲဖျ-က်ဆီးခံရသည့် ဧရာဝတီတံတား(ရတနာသိင်္ခ) ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်မည်

မိုင်းထောင်ဖေ-ာက်ခွဲဖျ-က်ဆီးခြင်းခံခဲ့ရသည့် ဧရာဝတီတံတား(ရတနာသိင်္ခ) ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အောက်တိုဘာလ (၂၉) ရက်၊နံနက်(၆)နာရီ ၊(၁၀)မိနစ်အချိန်ခန့်က တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျ-က်ပြားစေရန်ရည်ရွယ်၍ ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-မန္တလေးသွားကားလမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဧရာဝတီတံတား (ရတနာသိင်္ခ)ကို တဖက်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်းထောင် ဖေ-ာက်ခွဲဖျ-က်ဆီးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုသို့ အခြေအနေကြောင့် တံတား၏ရေလယ်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့ အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်လည်းကောင်း ကျိုးကျပျ-က်စီးခဲ့ကာ မော်တော်ယာဉ်များနှင့်ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများရပ်တန့်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတံတား(ရတနာသိင်္ခ)သည် တံတားအရှည် ပေ (၂၄၈၀) (သံကူကွန်ကရစ်တံတား)၊ တံတားအကျယ် (၂၅) ပေ၊ လူသွားလမ်း ဘယ်/ညာသုံးပေရှိပြီး တံတားဆောက်လုပ်ရေး(အထူးအဖွဲ့-၁၄) က (၂၀၁၀) ပြည့်နှစ် ဧပြီလ (၁၆) ရက်တွင် စီမံကိန်းစတင်ကာ (၂၀၁၃) ခုနှစ် ဇူလိုင်လ (၂၄) ရက်တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

image